Ep.39

3.4K 291 53
                                    

My Secretary is My Crush
~~~

Unicode

Wendyတစ်ယောက် နဘေးက အိမ်မက်ယောင်သလို ဝိုးတိုးဝါးတား အသံကြောင့် မျက်လုံးဖွင့်ကြည့်တော့ Irene က သူမဘေးမှာ အိပ်ရင်းနဲ့ ပါးစပ်ကနေ ပွစိပွစိ ရေရွတ်နေတာကို တွေ့တော့ ပြုံးမိသည်။

သူမ Irene နဲ့ မျက်နှာချင်းဆိုင် လှည့်ပြီး Irene ရဲ့ မျက်နှာသေးသေးလေးကို ငေးကြည့်နေမိသည်။ သူမ ငေးနေရင်း ခဏကြာတော့ Irene က မျက်တောင်ကို ပုတ်ခက်ပုတ်ခက်လုပ်ကာ မျက်လုံးပွင့်လာသည်။

"Morning" သူမက ပြုံးပြီး ပြောတော့ Irene က ပြန်ပြုံးလျက် သူမရင်ခွင်ထဲ တိုးလာပြီး ခါးကို ဖက်သည်။

"နွေးနေတာပဲ" Irene က ပြောပြီး သူမပခုံးနားကို ခေါင်းဖြင့်တိုးဝှေ့နေသည်။

"ကောင်းကောင်းအိပ်ပျော်ရဲ့လား?" သူမလည်း ပြန်ဖက်လိုက်ပြီး Irene ခေါင်းလေးကို လက်ဖြင့် သပ်ပေးကာ ခေါင်းကို နမ်းဖို့ အလုပ် Irene က ခေါင်းမော့လာကာ သူမနှုတ်ခမ်းကို လာနမ်းသည်။
သူမလည်း ခဏကြာအောင် စိတ်ပါလက်ပါ ပြန်တုံ့ပြန်မိသည်။ ထို့နောက် နှစ်ယောက်သား ရှက်သွေးဖြာလျက် မတိုင်ပင်ပဲ ရယ်မိကြသည်။


"မနက်ခင်းမှာ တစ်စုံတစ်​ယောက် အနားမှာရှိလာမှာကို တစ်ခါမှ စိတ်ကူးတောင် မယဥ်ဖူးဘူး"

"ငါလည်းပဲ မတွေးခဲ့ဖူးဘူး။ ငါတို့နှစ်ယောက်တည်း အမ်...နေဦး ဘာလို့ ငါတို့နှစ်​ယောက်တည်းလဲ?"

Wendy မျက်လုံးပြူးလျက် လှဲနေရာက ငေါက်ခနဲ ထထိုင်သည်။

"Yerim ဘယ်ရောက်သွားလဲ?"

နှစ်ယောက်သား အလန့်တကြားနဲ့ ကုတင်ပေါ်က အမြန်ဆင်းကာ အခန်းထဲမှာ ပတ်ကြည့်ကြသည်။

"အခန်းထဲမှာ မရှိဘူး။ ငါတို့အောက်ဆင်းကြည့်ရအောင်"

Irene ပြောတော့ Wendy ခေါင်းညိမ့်လိုက်ပြီး အောက်ထပ်ကို အမောတကော ပြေးဆင်းလာကြရာ ဧည့်ခန်းမှာ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် နှစ်ယောက်လုံး တပြိုင်နက်တည်း ခြေလှမ်းတွေကို ရပ်လိုက်ကြသည်။

My Secretary is My Crush [Completed]Where stories live. Discover now