My Secretary is My Crush
~~~Unicode
"စိတ်မကောင်းပါဘူး။ ကျွန်တော် ခန့်မှန်းထားတာက ဖြစ်လာခဲ့ပြိီပဲ"
"ဒါပေမယ့် ဒေါက်တာ ကျွန်မကလေးက အရမ်းငယ်သေးတယ်လေ"
"ကျွန်တော် အစတည်းက ကြိုပြောခဲ့ပါတယ်။ ဒီရောဂါက ကာကွယ်လို့ ရတာမျိုး မဟုတ်ဘူးဆ်ိုတာ။ ပြီးတော့
အသက်အရွယ်နဲ့ ဆိုင်တာမျိုးလည်း မဟုတ်ဘူးလေ""ကာကွယ်လို့ မရမှန်းသိပေမယ့် ကျွန်မအတတ်နိုင်ဆုံး ဂရုစိုက်ခဲ့ပါတယ်။ ကျန်းမာရေးနဲ့ ည်ီညွတ်အောင် စားသောက်မှုတွေကို သေချာအလေးထား စီမံခဲ့တာ"
ဒေါက်တာက သက်ပြင်းချကာ "Ms.Shonရေ~
ဒီဟာက မပျောက်နိုင်တဲ့ ရောဂါလည်း မဟုတ်ဘူးလေ။ အစားထိုးကုသလို့ ရတာပဲဗျ။ ခက်တာက တူညီတဲ့ ရိုးတွင်းခြင်ဆီကို ရဖို့ပဲ""ကျွန်မလည်း ရိုးတွင်းခြင်ဆီအစားထိုးဖူးလို့ အဲ့ဒါ ဘယ်လောက်နာကျင်ရလဲဆိုတာ သိပါတယ် ဒေါက်တာ။ အဲ့ဒါကြောင့် ပိုပြီးစိတ်ပူမိတာပါ။ ကျွန်မ ဖြစ်တုန်းက
အသက်၁၀နှစ်အရွယ်လေ။ အဲ့အရွယ်တုန်းကတောင် နာကျင်မှုက ပြောမပြနိုင်အောင်ပဲ။ အခု Yerimက ၅နှစ်ပဲရှိသေးတာ ဒေါက်တာ""Ms.Shon စိတ်ပူတာကို ကျွန်တော် နားလည်ပါတယ်။ အဲ့ဒါကြောင့်ပဲ ရိုးတွင်းခြင်ဆီ အမြန်ဆုံးရှာပြီး ခွဲစိတ်မှုကို လုပ်သင့်တာ။ ခင်ဗျားက တကယ်အမေကောင်း တစ်ယောက်မှန်း ကျွန်တော်သိပါတယ်။ ခင်ဗျားလည်း အတတ်နိုင်ဆုံး ဂရုစိုက်ပေးခဲ့တာပဲ။ ခင်ဗျားရဲ့ အမှားမဟုတ်ပါဘူး။ ဒါပေမယ့် ဖြစ်မယ့်အရာကတော့ ဖြစ်လာမှာပဲလေ။ ခက်တာက ခင်ဗျားက သူ့ရဲ့ သွေးသားအရင်းဖြစ်နေရင်တောင် ရိုးတွင်းခြင်ဆီ အစားထိုးခွဲစိတ်မှု လုပ်ဖူးလို့ ခင်ဗျားဆီက ယူလို့မရဘူး။ ခင်ဗျားအဒေါ်လည်း အတူတူပဲ။ သူက ခင်ဗျားကို ရိုးတွင်းခြင်ဆီပေးခဲ့တာမလား? ကျွန်တော့်ဘက်ကလည်း ကလေးရဲ့မျိုးရိုးဗီဇနဲ့ ကိုက်ညီတဲ့ ရိုးတွင်းခြင်ဆီကို ရှာပေးပါ့မယ်။ အဲ့တော့ ခင်ဗျားလည်း ကလေးရဲ့ အခြားမိသားစုဝင်တွေက်ို ရှာတာက ပိုပြီးအကူအညီ ဖြစ်လိမ့်မယ်။ Yerimက အရမ်းငယ်သေးတော့ အချိန်ကြာလေ ဝေဒနာကို ပ်ိုပြီးခံစားရလေဖြစ်မှာ"
YOU ARE READING
My Secretary is My Crush [Completed]
Fanfictionကလေးလေးတစ်ယောက်နဲ့ ကုန်တိုက်ကြီးတစ်ခုလုံးက်ို ဦးစီးနေရတဲ့ အသက်ငယ်ငယ် smartကျကျ မိန်းကလေး တစ်ယောက်ဆီကို မမျှော်လင့်ထားတဲ့ မိန်းကလေးတစ်ယောက်က အတွင်းရေးမှူးအဖြစ် ရောက်လာသောအခါ...💙💗