Ep.36

3.5K 314 55
                                    

My Secretary is My Crush
~~~

Unicode

Wendy စျာပနက ပြန်လာပြီး အိမ်ရောက်တော့ ဆိုဖာမှာ လေးပင်စွာ ထိုင်ချလိုက်သည်။ Yerimက သူမကို တွေ့တော့ ပြေးလာပြီး သူမပေါ်ထိုင်ကာ ရင်ခွင်ထဲ အတင်းတိုးသည်။
သူမလည်း ပြန်ဖက်လိုက်ပြီး Yerimခေါင်းလေးပေါ် မေးတင်ထားလိုက်သည်။

"Seulgi အဆင်ပြေရဲ့လား?" Irene က သူမတို့ ဘေးလာထိုင်ပြီး ညင်သာစွာ မေးသည်။

"အရမ်းခံစား​နေရတာပေါ့။ အမေဖြစ်သူပဲလေ"

"အမေဆုံးတုန်းကလည်း အရမ်းဝမ်းနည်းခဲ့မှာပေါ့"

"အဲ့တုန်းက Yerimက အရမ်းငယ်သေးတော့ ကြာကြာ ဝမ်းမနည်းနိုင်ပါဘူး" Wendyက Yerimဆံပင်ကို ပွတ်သပ်ရင်း ပြုံးလျက်ပြောသည်။ တစ်ချိန်က နာကျင်စရာ အဖြစ်အပျက်တွေက အခုချိန်မှာတော့ သူမအတွက် အနည်ထိုင်သွားပြီဖြစ်သည်။

"မနက်ဖြန်ကျရင် mommyတို့ တိရိစ္ဆာန်ရုံက်ို သွားကြမလား baby?"

"တကယ်လား mommy?"

"တကယ်ပေါ့"

"Yayy ပျော်လိုက်တာ"

"အရမ်း မလှုပ်ရှားရဘူးလေ Yerim-ah"

Yerimက လှုပ်နေတာကို ရပ်လိုက်ပြီး "Yay!" ဆိုပြီး ထပ်အော်ပြန်သည်။ ပျော်ရွှင်နေတဲ့ Yerimကို ကြည့်ပြီး သူမတို့ ပြုံးမိကြသည်။

••••••••••••••••••••••

သူမတို့ တိရိစ္ဆာန်ရုံထဲကို Yerimရဲ့လက်တစ်ဖက်စီ ဆွဲရင်း ဝင်လာခဲ့ကြသည်။

"Mommy ချီရမလား baby?"

"ဟင့်အင်း။ Yerimဘာသာ လမ်းလျှောက်ချင်တာ"

"ဒါဆို အရမ်းပြေးလို့ မရဘူးနော်"

"Yerim သားပိုက်ကောင်လေးတွေ ကြည့်ချင်တယ်"

"သားပ်ိုက်ကောင်တွေက ဟိုဘက်မှာတဲ့ baby"

"Kangaroo! Kangaroo!"

သားပိုက်ကောင်တွေ ရှိရာခြံကို ရောက်တော့ အထဲဝင်ပြ်ီး ကိုယ်တိုင်အစာကျွေးလို့ရတယ် ဆိုတာနဲ့ သူမတို့ ခြံထဲဝင်လိုက်ကြသည်။

My Secretary is My Crush [Completed]Where stories live. Discover now