Ep.33

3.6K 319 18
                                    

My Secretary is My Crush
~~~

Unicode

Irene တစ်ယောက် ရိုးတွင်းခြင်ဆီ ကိုက်ညီမညီ စစ်ဆေးပြီးတော့ Yerimရှိရာအခန်းကို အားအင်ချိနဲ့စွာ ပြန်လာသည်။ လမ်းတစ်လျှောက်လုံး သူမခေါင်းထဲမှာ အတွေးပေါင်းစုံ ပြည့်နှက်နေသည်။

သူမ အခန်းတံခါးကို မရဲတရဲတွန်းဖွင့်လိုက်တော့ အထဲမှာ Wendyမဟုတ်ပဲ Seulgiထိုင်နေတာကို တွေ့လိုက်ရသည်။ Yerimကတော့ နိုးမလာသေးပေ။

"အဆင်ပြေရဲ့လား Irene?" Seulgiက သူမကို မြင်တော့ ထိုင်ရာကထကာ လှမ်းမေးသည်။

"Wendyရော?"

"အရေးတကြီးကိစ္စပေါ်လာလို့ ကုန်တိုက်ကို ခဏ သွားကြည့်တယ်။ ထိုင်ပါဦး"

သူမ ခေါင်းညိမ့်ပြီး ဆိုဖာမှာ ဝင်ထိုင်သည်။

Seulgi လေပူအချို့မှုတ်ထုတ်ရင်း မျက်နှာချင်းဆိုင်က သူမကိုကြည့်ကာ "Yerimအကြောင်း မေးချင်နေတယ် မဟုတ်လား?"

သူမ Yerimကို တစ်ချက်လှမ်းကြည့်ပြီး ခေါင်းညိမ့်သည်။

"Yerimက Wendyရဲ့ကလေး မဟုတ်ဘူး။ အဲ့ဒါကြောင့် မင်းမှာအစ်မပဲ ရှိပေမယ့် Yerimက ဘယ်လိုလုပ်ပြီး မင်းတူမဖြစ်နေလဲဆိုတာ တွေးစရာမလိုတော့ဘူး"

"ဒါဆို?"

"ဟုတ်တယ်။ မင်းအစ်မနဲ့ Wendyအစ်ကိုတို့ရဲ့ ကလေးပဲ"

"Unnie...Unnie အခုဘယ်မှာလဲ?"

"ငြိမ်းချမ်းတဲ့နေရာမှာ သူ့ခင်ပွန်းနဲ့အတူ ရှိနေမှာပါ"

Seulgiစကားဆုံးတော့ သူမ မျက်ရည်များ ဝေ့တက်လာသည်။ Wendyအစ်ကိုက ဆုံးသွားပြီဆ်ိုတော့ သူမအစ်မလည်း ဆုံးသွားပြီလို့ ဆိုလိုလိုက်တာပဲ။

"Unnie က ဘယ် လို ဖြစ် လို့ ..."

"တို့ အကုန်ပြောပြမှာမို့ စိတ်ခိုင်ခိုင်ထားပါ။ ဟုတ်ပြ်ီလား?"

Seulgi သူမပုခုံးကို အသာက်ိုင်ရင်း ပြောသည်။

"မင်းအစ်မက မင်းမိဘတွေ သဘောမတူတဲ့ Wendyရဲ့ အစ်ကိုနဲ့ လက်ထပ်ခဲ့တယ်။ Wendy က သူ့မိသားစု အကြောင်း မင်းကိုနည်းနည်းတော့ ပြောဖူးမှာပါ။ သူတို့ လက်ထပ်တော့ Korea မှာရှိတဲ့ ကုန်တိုက်က်ို ဦးစီးရမှာမို့ Canadaမှာ မနေပဲ မင်းအစ်မတို့က Seoulမှာပဲ နေခဲ့ကြတယ်။ မင်းအစ်မ Yerimလေးကို ကိုယ်ဝန်ရတော့ Wendyရဲ့အမေက Canadaမှာလာနေဖို့ ခေါ်တယ်။ Wendyရဲ့အစ်ကိုနဲ့ အဖေကတော့ ကုန်တိုက်ကြောင့် ကူးလိုက်သန်းလိုက် လုပ်ရတာပေါ့။ Yerimကို မွေးဖို့ သိပ်မလိုတော့တဲ့အချိန်မှာ သားအဖနှစ်ယောက် Korea ကနေ Canadaကို ပြန်လာတုန်း လေယာဥ် ပျက်ကျပြီး ဆုံးသွားခဲ့ကြတယ်။ မင်းအစ်မက သွေးနုသားနုနဲ့ ဒီဖြစ်ရပ်ကို လက်ခံဖို့ ကြိုးစားခဲ့ပေမယ့် Yerimကို မွေးပြီးပြီးချင်းပဲ လူ့လောက,ကနေ အပြီးထွက်သွားခဲ့တယ်"

My Secretary is My Crush [Completed]Where stories live. Discover now