My Secretary is My Crush
~~~Unicode
"ကံကောင်းတာပဲဗျာ။ Ms.Bae ရဲ့ ရိုးတွင်းခြင်ဆီက Yerimရဲ့ရိုးတွင်းခြင်ဆီနဲ့ ကိုက်ညီမှုရှိတာကြောင့် အစားထိုးခွဲစိတ်မှု လုပ်လို့ရမှာပါ"
တာဝန်ကျဆရာဝန်ရဲ့ စကားကြောင့် သူမတို့ အရမ်း ဝမ်းသာသွားသည်။
"Yerimရဲ့အခြေအနေတည်ငြိမ်တယ်ဆို ကျွန်တော်တို့ သဘက်ခါကျရင် ခွဲစိတ်မှုလုပ်မှာမို့ Ms.Bae က မနက်ဖြန်မှာ ဆေးရုံတက်ရပါမယ်"
"သိပါပြီ ဒေါက်တာ"
"ကလေးကို အားရှိအောင် များများအိပ်ခိုင်းပါ။ နိုးနေရင် နာကျင်မှုခံစားရမှာမို့ အိပ်နိုင်သလောက် အိပ်ပါစေ"
"နားလည်ပါပြီ"
"ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး"
"ကျေးဇူးတင်ပါတယ် ဒေါက်တာ"
ဆရာဝန်ပြန်သွားတော့ Wendy သူမဘေးမှာ ထိုင်နေသည့် Irene ကို ကြည့်လိုက်သည်။
"ကျေးဇူးပါပဲ Ju Hyun-ah"
သူမက 'Ju Hyun' လို့ခေါ်တော့ Irene ပြုံးမိသည်။ သူမရဲ့အသံက အရမ်းနူးညံ့ပြီး နားထောင်လို့ ကောင်းတယ်။
"ငါကသာ ကျေးဇူးတင်ရမှာပါ။ Yerimကို ဒီလို ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ပေးခဲ့လို့"
ထိုစဥ် Yerimနိုးလာတော့ နှစ်ယောက်လုံး ကုတင်ဆီကို သွားလိုက်ပြီး Wendyက ကုတင်ပေါ်မှာ Irene က ကုတင်ဘေးကခုံမှာ ထိုင်ကြသည်။
"ခေါင်းမူးနေသေးလား baby?"
"Yerim ခေါင်းမမူးတော့ဘူး mommy"
"ကောင်းတယ်" Wendyပြောပြီး Yerimရဲ့ ပါးလေးကို ခပ်ဖွဖွပွတ်သပ်လိုက်သည်။
"သဘက်ခါကျရင် Yerimကို ခွဲစ်ိတ်မှု လုပ်ရတော့မှာ" Irene က ပြုံးလျက်ပြောသည်။
"ခွဲစ်ိတ်မှုဆိုတာ ဘာလဲဟင်?"
"Baby နာနေတာတွေ ပျောက်သွားအောင် ဒေါက်တာတွေက ဆေးကုပေးမှာလေ။ Baby က အများကြီး နေမကောင်း ဖြစ်နေတာမို့ ခွဲစိတ်မှုဆိုပြီး ပြောရတာပေါ့"
YOU ARE READING
My Secretary is My Crush [Completed]
Fanfictionကလေးလေးတစ်ယောက်နဲ့ ကုန်တိုက်ကြီးတစ်ခုလုံးက်ို ဦးစီးနေရတဲ့ အသက်ငယ်ငယ် smartကျကျ မိန်းကလေး တစ်ယောက်ဆီကို မမျှော်လင့်ထားတဲ့ မိန်းကလေးတစ်ယောက်က အတွင်းရေးမှူးအဖြစ် ရောက်လာသောအခါ...💙💗