My Secretary is My Crush
~~~Unicode
Ireneတစ်ယောက် အလုပ်သွားဖို့ ဘတ်စ်ကားမှတ်တိုင်မှာ ရပ်စောင့်နေစဉ် အတွင်းရေးမှူးLee ဆီမှ အလုပ်ကိုမသွားပဲ Wendyအိမ်ကိုလာဖို့ အကြောင်းကြားလာတာကြောင့် အလုပ်ကိုသွားမယ့် ဘတ်စ်မစီးတော့ပဲ တခြားဘတ်စ်ကို ပြောင်းစီးလိုက်သည်။
Wendyအိမ်နဲ့နီးရာ ဘတ်စ်ကားမှတ်တိုင်မှာ ဆင်းလိုက်ပြီး လမ်းလျှောက်ဝင်လာရာ ခြံရှေ့ရောက်တော့ Dr.Choiနဲ့ အတွင်းရေးမှူးLee တို့ ထွက်လာတာကို မြင်လိုက်ရသည်။
"အတွင်းရေးမှူးBae ရောက်လာပြီလား"
"ဟုတ်ကဲ့...ဒါနဲ့ Dr.Choiက ဘာလို့လဲ?"
"Ms.Shon နေမကောင်းလို့ လာကြည့်တာ"
သူမရော သူရော Dr.Choiကို အရိုအသေပေးလိုက်ပြီး ခြံထဲကိုဝင်လာခဲ့သည်။
"Ms.Shon နေမကောင်းတာ အရမ်းဆိုးလို့လား?"
အိမ်ထဲတောင်မရောက်ခင် Irene စိုးရိမ်တကြီးနဲ့
အတွင်းရေးမှူးLee ကို မေးလိုက်မိသည်။"အခုတော့ အဆင်ပြေသွားပါပြီ အားဆေးသွင်းထားတယ်။ ဒါပေမယ့် ဒီနေ့အလုပ်မသွားဖို့ Dr.Choiက မှာသွားတယ်"
"အဲ့ဒါကြောင့် ကျွန်မကို ခေါ်လိုက်တာလား?"
"အဲ့ထက်အရေးကြီးတဲ့ အကြောင်းရှိသေးတယ်"
အတွင်းရေးမှူးLee ဆက်မပြောတော့ပဲ Wendyရဲ့ အခန်းကို ရှေ့ကနေသွားလိုက်သည်။ အခန်းရှေ့ ရောက်တော့ Yerimရဲ့ငိုသံကို အရင်ကြားလိုက်ရလို့ Irene လန့်သွားသည်။
သူမတို့ အထဲကိုဝင်လာတော့ ကုတင်ပေါ်မှာ ငိုနေတဲ့ Yerimက သူမဆီကို ပြေးပြီးဖက်လိုက်တာကြောင့်
သူမလည်း ပွေ့ချီလိုက်သည်။"ဘာလို့ငိုနေတာလဲ Yerimie?"
"Mommyနေမကောင်းဘူး Unnie အဟင့်"
တရှုံ့ရှုံ့နဲ့ငိုလျက် ပြောနေတဲ့ Yerimကို ကျောလေး
ဖွဖွပုတ်ပေးပြီး လက်မှာဆေးပိုက်တန်းလန်းနဲ့ ကုတင်ခေါင်းရင်းကို မှီလျက် သူမဆီကို ဖျော့တော့တော့စွာ
ပြုံးရင်း ကြည့်နေတဲ့ Wendyကို လှမ်းကြည့်လိုက်သည်။
YOU ARE READING
My Secretary is My Crush [Completed]
Fanfictionကလေးလေးတစ်ယောက်နဲ့ ကုန်တိုက်ကြီးတစ်ခုလုံးက်ို ဦးစီးနေရတဲ့ အသက်ငယ်ငယ် smartကျကျ မိန်းကလေး တစ်ယောက်ဆီကို မမျှော်လင့်ထားတဲ့ မိန်းကလေးတစ်ယောက်က အတွင်းရေးမှူးအဖြစ် ရောက်လာသောအခါ...💙💗