My Secretary is My Crush
~~~Unicode
"ဒါဆို ငါ့ကို နင်ဘယ်လိုမြင်လဲ?" Irene မေးလိုက်သည်။
"ဖြူဖတ်ဖြူရော်နဲ့ အားနည်းနေတယ်" Wendyရဲ့ တည်ငြိမ်တဲ့ အဖြေစကားကြောင့် သူမ နင်သွားသည်။
သူမ စကားဆက်ပြောဖို့အလုပ်မှာ သူနာပြုတွေနဲ့
ဆရာဝန်က Yerimကို အရေးပေါ်ခန်းထဲ ခေါ်လာကြသည်။ Wendyချက်ချင်းပဲ ထိုင်ရာကနေထကာ Yerimဆီ အပြေးသွားလိုက်သည်။ Irene လည်း လှဲနေရာကနေ အားပြုပြီး Yerimကို လှမ်းကြည့်သည်။"ခွဲစ်ိတ်တာ အဆင်ပြေရဲ့လား ဒေါက်တာ?"
"မစိုးရိမ်ပါနဲ့တော့။ ခွဲစိတ်မှုက အဆင်ပြေပြေနဲ့ ပြီးသွားပါတယ်။ မေ့ဆေးအရှိန်ပြေရင် နိုးလာမှာပါ။ နှစ်ရက်လောက် အရေးပေါ်ခန်းမှာ ထားပြီးရင် ပုံမှန်အခန်းကို ပြောင်းလို့ရပါပြီ"
"ကျေးဇူးတင်ပါတယ် ဒေါက်တာ" Wendyပြောပြီး Yerimမျက်နှာလေးကို ပြုံးပြီး ကြည့်လိုက်သည်။
[4 days later]
"Seulgi-ah~ Irene ရဲ့ Luggage ကို Guest room မှာထားလိုက်"
Wendyက အိပ်ပျော်နေတဲ့ Yerimကို ချီလျက် Seulgiကို ပြောလိုက်သည်။ ပြီးနောက် ဘေးမှ Irene ကို ကြည့်ပြီး
"အခန်းကို ကြည့်ကြည့်လိုက်ဦးနော်။ Yerimကို သွားသိပ်လိုက်ဦးမယ်"
Wendyရဲ့ Irene ကို စိတ်မချနိုင်ဖြစ်နေတဲ့ မျက်ဝန်းတွေကြောင့် Joyသက်ပြင်းချကာ "သွားပါ။ Unnie ကို မထိခိုက်စေရပါဘူး"
"တို့ ဆိုလိုချင်တာ အဲ့လိုမဟုတ်..."
"သိပါပြီ။ ကလေးမနိုးခင် သွားပြန်သိပ်လိုက်ပါတော့"
Irene စိတ်မရှည်စွာနဲ့ ပြောလိုက်သည်။ ဆေးရုံမှာ ကတည်းက Yerimနဲ့ သူမက်ို Wendyက မျက်စိအောက်တောင် အပျောက်မခံပဲ အစိုးရိမ်
လွန်နေတာ။"အင်း...အင်းပါ"
Seulgiနဲ့ Joyက အခန်းမှာ ပစ္စည်းတွေ နေရာချနေတာကို Irene က ဘေးမှာ ထိုင်ကြည့်နေသည်။ သူမက ချုပ်ရိုးကြောင့် အလေးအပင်တွေကို မ,မနိုင်သေးပေ။
YOU ARE READING
My Secretary is My Crush [Completed]
Fanfictionကလေးလေးတစ်ယောက်နဲ့ ကုန်တိုက်ကြီးတစ်ခုလုံးက်ို ဦးစီးနေရတဲ့ အသက်ငယ်ငယ် smartကျကျ မိန်းကလေး တစ်ယောက်ဆီကို မမျှော်လင့်ထားတဲ့ မိန်းကလေးတစ်ယောက်က အတွင်းရေးမှူးအဖြစ် ရောက်လာသောအခါ...💙💗