My Secretary is My Crush
~~~Unicode
"Hey Kang!"
"Hi Joo! ကိုးရီးယားကို မပြန်သေးဘူးလား
အခုထိ?""ငါမနေ့ကမှ ရောက်တာပါဟာ"
"ဪ...ရောက်တာကြာပြီထင်လို့။ Clubမှာ သိပ်မတွေ့လို့ ဒီရောက်နေတာလားလို့"
"ပြန်ရင် Companyမှာ အလုပ်ဝင်ရတော့မှာ"
"သနားစရာ"
Partyက လူအများကြားမှာ တွန့်ဆုတ်နေတဲ့ Joyရဲ့ လက်ကို Seulgiလှမ်းကိုင်လိုက်ရင်း သူမက်ို နှုတ်ဆက်လာသူကို ပြုံးပြီးပြန်နှုတ်ဆက်လိုက်သည်။
"မကြောက်ပါနဲ့~ သူတို့တွေအကုန် တို့နဲ့ရင်းနှီးတယ်"
သူမလက်ကို ကိုင်ထားတဲ့ Seulgiရဲ့လက်ကို ပြန်ကြည့်ရင်း Joyခေါင်းညိမ့်ပြလိုက်သည်။
ထိုစဉ်waiterလေးတစ်ယောက်က သူမတို့ အနားလာပြီး သူကိုင်လာတဲ့ အရက်ခွက်တွေနဲ့ ဗန်းကိုနှိမ့်ပေးတော့ Seulgiတစ်ခွက်ယူလိုက်ကာ Joyဘက်လှည့်ပြီး တစ်ခုခုသတိရသွားဟန်ဖြင့်
"ခဏနော်"
ခဏကြာတော့ Coca Cola ထည့်ထားတဲ့ ဖန်ခွက်
ကိုင်လျက် ရောက်လာပြီး ခွက်ကို သူမလက်ထဲ ထည့်ပေးလာသည်။"Alcohol မသောက်နိုင်လောက်ဘူး ထင်လို့"
"ကျေးဇူးပါပဲ"
"Kang! Long time no see!"
"Right! What about your new girlfriend Jay? I think she is nice."
"Yeap! She is better than you."
Seulgi အနည်းငယ် ကျိန်ဆဲရင်း Jayဆိုသည့်လူရဲ့ လက်မောင်းကို ရိုက်လိုက်သည်။
"I'm kidding~ Who is she?"
"Umm...new friend"
"Wow she isn't look like us"
"Yeah! She is a good girl. We need to go Jay. See you in Seoul."
"Ok, bye!"
"သူက ဘယ်သူလဲ?"
Jayဆိုသူ ထွက်သွားတော့ Joy သူမကို မေးလိုက်သည်။
"ခဏတွဲခဲ့ဖူးတဲ့ သူငယ်ချင်းပါ။ ဟိုဘက်မှာ တီးဝိုင်း
ရှိတယ်။ သွားနားထောင်ချင်လား?"ရည်းစားဟောင်းနဲ့ ပျော်ပျော်ရွှင်ရွှင် စနောက်နေနိုင်တဲ့
Seulgiကို သူမအနည်းငယ် အံဩမိပေမယ့် သူမနဲ့
Seulgiက နေထိုင်ပုံချင်း မတူဘူးဆိုတာ သတိရတော့ ဆက်ပြီးအထူးအဆန်း လုပ်မနေတော့ပဲ တီးဝိုင်းကို သွားဖို့ သဘောတူလိုက်သည်။
YOU ARE READING
My Secretary is My Crush [Completed]
Fanfictionကလေးလေးတစ်ယောက်နဲ့ ကုန်တိုက်ကြီးတစ်ခုလုံးက်ို ဦးစီးနေရတဲ့ အသက်ငယ်ငယ် smartကျကျ မိန်းကလေး တစ်ယောက်ဆီကို မမျှော်လင့်ထားတဲ့ မိန်းကလေးတစ်ယောက်က အတွင်းရေးမှူးအဖြစ် ရောက်လာသောအခါ...💙💗