My Secretary is My Crush
~~~Unicode
"ဖေဖေ သမီးတို့ စကားပြောရအောင်"
ပုံမှန်အချိန်နဲ့ မတူပဲ အလေးအနက်ဖြစ်နေတဲ့ သမီးဖြစ်သူရဲ့ အသံကြောင့် Mr.Bae အချိန်ရောက်လာပြီလို့ တွေးမိပြီး ခေါင်းညိမ့်သည်။
"Yerimရော?" Mrs.Bae ကလည်း Mr.Bae ထိုင်နေတဲ့ ဘေးမှာဝင်ထိုင်ပြီး မေးသည်။
"ခြံထဲမှာ ဆော့နေတယ်"
Irene လေပူတွေကို မှုတ်ထုတ်လိုက်ပြီး မိဘတွေကို ကြည့်လိုက်သည်။
"Wendyပြန်သွားတာ ဒီနေ့ဆို တစ်လပြည့်ပြီ ဖေဖေ။ ဖေဖေနဲ့မေမေ အကျိုးဆက်ကို မတွေးပဲ နေနေတာတွေကို ရပ်သင့်ပြီလို့ သမီးထင်တယ်။ Yerimနဲ့ ပတ်သက်ပြီး ဘယ်လိုဆက်လုပ်ဖို့ စဥ်းစားထားလဲဆိုတာ သမီးကို ပြောပါ"
Irene ရဲ့ ပြတ်သားတဲ့ အမေးကြောင့် သူတို့တွေ အနည်းငယ်တော့ အံ့အားသင့်သွားသည်။ သူတို့သမီးက သူတို့ရဲ့ အဝေးမှာ နေခဲ့တဲ့ ကြာမြင့်တဲ့အချိန်အတွင်းမှာ အများကြီး ပြောင်းလဲသွားခဲ့သည်။ အရင်ကလို ရှေ့နောက်မတွေးပဲ စိတ်ရဲ့အလိုအတိုင်း အိမ်ကထွက်သွားဖို့ ရွေးချယ်ခဲ့တဲ့ ခေါင်းမာတဲ့မိန်းကလေး မဟုတ်တော့ပဲ ပိုပြီး ရင့်ကျက်လာသည်။ ကြောက်ရွံ့မှုကင်းပြီး ဆုံးဖြတ်ချက်ချဖို့ တွန့်ဆုတ်နေခြင်းမျိုးလည်း မရှိတော့ပေ။
"Wendyက Yerimကို ဒီမှာထားခဲ့တာ သူ့ဆုံးဖြတ်ချက်ပဲ မဟုတ်လား" Mr.Bae က အေးဆေးစွာ ပြောသည်။
"ဖေဖေတို့နဲ့ ကလေးကို အချိန်ပေးချင်လို့ ထားခဲ့တာ သိသာနေတာပဲ ဖေဖေရယ်။ Yerimကို Wendyဆီက ခွဲထုတ်ဖို့တော့ မကြိုးစားပါနဲ့။ သမီးပြောခဲ့ဖူးတဲ့အတိုင်းပဲ Wendyက ဒီကလေးအတွက် အရာအားလုံး ပေးဆပ်ခဲ့ရတာ။ သူ့ကို နာကျင်အောင် လုပ်မှာကိုတော့ သမီး လက်မခံနိုင်ဘူး"
"မေမေတို့ ဘက်ကိုရော မကြည့်တော့ဘူးလား Ju Hyun? မေမေတို့က သမီးတစ်ယောက်လုံးကို ဆုံးရှုံးထားရတာလေ။ Yerimက မေမေတို့အတွက် JuRangရဲ့ နောက်ဆုံး လက်ဆောင်လေးပဲလေ"
YOU ARE READING
My Secretary is My Crush [Completed]
Fanfictionကလေးလေးတစ်ယောက်နဲ့ ကုန်တိုက်ကြီးတစ်ခုလုံးက်ို ဦးစီးနေရတဲ့ အသက်ငယ်ငယ် smartကျကျ မိန်းကလေး တစ်ယောက်ဆီကို မမျှော်လင့်ထားတဲ့ မိန်းကလေးတစ်ယောက်က အတွင်းရေးမှူးအဖြစ် ရောက်လာသောအခါ...💙💗