Ep.5

3.5K 262 1
                                    

My Secretary is My Crush
~~~

Unicode

"ကဲ...ငါ့ကိုဘာခိုင်းဦးမှာလဲ Wendy Shon?"

"အိုး နင်ကလည်း စိတ်ချည်းပဲ။ ချိုချိုသာသာပြောပါဟ။
မဟုတ်ရင် အရေးအကြောင်းတွေ ပေါ်လာလိမ့်မယ်"

လက်ပိုက်ကာစားပွဲကိုမှီရပ်နေပြီး ဆောင့်ကြီးအောင့်ကြီး
ပြောနေတဲ့ Seulgi ကို သူမမျက်နှာချိုသွေးရင်း ပြောလိုက်သည်။

"နင်ခိုင်းတာ လုပ်ဖို့အတွက် ငါက နင့်ကုန်တိုက်ထိ
လာရတာလေ။ အဲ့ဒါကို နင်က ငါ့ကို လာပြောချင်နေသေးတာလား? ရှည်ရှည်ဝေးဝေး ပြောမနေနဲ့ ဘာလုပ် ပေးရမှာလဲပြော? Yerimကို သွားကြိုရမှာကလွဲလို့ အားလုံး okတယ်"

"နင်ကကြိုသိနေတာပဲ။ ဟုတ်တယ်Yerimကို
ကြိုရမှာ...ဟဲဟဲ"

"ဟာ...မလုပ်ပါနဲ့။ နင့်Yerimက အရမ်းမွှေတာ။
ငါသူ့ကို ကြောက်တယ်ဟ"

"လုပ်ပေးပါဟာ။ ဒီနေ့အရေးကြီး အစည်းအဝေးရှိလို့
ငါရော ငါ့အတွင်းရေးမှူးနှစ်ယောက်ရော မအားဘူး"

Wendyက ဒီရက်ပိုင်းအလုပ်တွေရှုပ်နေတာ သူမလည်း သိတော့သိပ်တော့ မငြင်းချင်ပေမယ့် Yerimက ပြီးခဲ့တဲ့တစ်ခေါက် သူသွားကြိုတုန်းက မွှေထားတော့ သူကြောက်နေပြီလေ။

"ခဏလေးပါပဲ။ ကြိုပြီးငါ့အိမ်ကိုပို့ပြီး ခဏစောင့်ပေး။
နာရီဝက်ကျော်ကျော်လောက်နေရင် ငါပြန်လာမှာပါနော်
သူငယ်ချင်းလေး Seulလေး"

Seulgi စိတ်ပျက်လက်ပျက် သက်ပြင်းချကာ

"Ok ကြိုပေးမယ်"

"ငါနင့်ကို အဲ့ဒါကြောင့်ချစ်တာ"

"တော်ပြီ အပိုတွေမပြောနဲ့တော့။ နာရီဝက်ပဲနော်"

"အေးပါ။ နာရီဝက်ပဲ"

"အဲ့ဒါဆို ငါသွားပြီ"

"Yah Kang Seulgi!" အပေါက်ဝနားကို
ရောက်နေပြီဖြစ်တဲ့ Seulgiကို သူမလှမ်းအော်လိုက်တော့ Seulgiက သူမဘက်လှည့်ကာ ပခုံးတွန့်ပြသည်။

"Yerimကို သွားကြိုရင် နင့်ဘာသာတစ်ယောက်တည်း သွားနော်။ နင်ရည်းစားတွေ ခေါ်သွားဖို့မစဉ်းစားနဲ့။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက Yerim ငါ့ကိုပြန်တိုင်တယ်နော်"

My Secretary is My Crush [Completed]Where stories live. Discover now