My Secretary is My Crush
~~~Unicode
"Unnie ဇာတ်ကားကြည့်လေ"
Wendyရဲ့မီးဖိုခန်းထဲ မဝင်ရဘူးဆိုတဲ့ အမိန့်ကြောင့် မီးဖိုခန်းအနီးက ထမင်းစားပွဲမှာ Yerim နဲ့အတူထိုင်ပြီး Laptopထဲက ကာတွန်းကား ကြည့်နေပေမယ့်
Apronဝတ်ပြီး စားဖိုမှူးတွေနီးနီး ကြည့်လို့ကောင်းစွာ ဟင်းချက်နေတဲ့ Wendyဆီက သူမအကြည့်မလွှဲနိုင် ဖြစ်နေတာကြောင့် Laptopမှာ အာရုံမရှိပေ။"ကြည့်-ကြည့်နေပါတယ် Yerimရဲ့"
"လက်မှာ ဒီလောက်အနာကြီးဖြစ်သွားတာတောင် မီးဖိုခန်းထဲ သွားချင်နေတုန်းလား unnie?" Yerimက ဆူသလို ပြောသည်။
"မ-မဟုတ်ပါဘူး Yerimရဲ့။ ဟင်းချက်နေတာ
အဆင်ပြေရဲ့လားဆိုတာ ကြည့်နေတာ""Mommyကိုပဲ ကြည့်နေပြီးတော့"
ကလေးဆီမှာ မိသွားတာကြောင့် သူမအလျင်အမြန်
မျက်နှာပိုးသတ်လိုက်ရသည်။*ဒီကလေးလေး ဘယ်လိုလုပ် အကုန်သိနေတာလဲ!
အရှက်ကွဲလိုက်တာ >< *Yerimစိတ်တိုင်းကျ Laptopမှာ ခဏအာရုံ ပြန်ထားလိုက်ပေမယ့် မျက်လုံးကတော့ ခဏခဏ မီးဖိုခန်းထဲမှာ ဟင်းချက်နေတဲ့ Wendyဆီကိုပဲ ရောက်လျက်ရှိသည်။
Wendyက အချိန်တိုင်းပြီးပြည့်စုံနေတဲ့ အမျိုးသမီး
တစ်ယောက်ပဲလို့ သူမမှတ်ချက်ချမိသည်။"No one
is perfect" ဆိုပေမယ့် သူမအတွက်တော့ အဲ့ဒီ
No one ဟာ Wendyပဲဖြစ်သည်။တစ်ခုခုကိုလုပ်တဲ့အခါ အာရုံစိုက်ပြီး လုပ်တတ်သည့်
သူမျိုးမို့ သူမကြည့်နေတာကို Wendy သိပ်သတိ
မထားမိပေ။ သူမကြည့်နေတာကို မြင်တဲ့အခါမှာတော့ အပြုံးချိုချိုလေး ပြန်ပြုံးပြပြီး သူမကို ရင်ခုန်အောင်
လုပ်တတ်သည်။Wendyကို ဒီထက်ပိုပြီး စွဲလမ်းလို့ မဖြစ်တော့ဘူးဆိုတာ သူမ သိပေမယ့် သဘောကျတဲ့စိတ်ဆိုတာ တားလို့မရတဲ့ အရာပင်မဟုတ်ပါလား။ အချိန်တန်ရင် အလိုလို စိတ်ပြတ်သွားဖို့ကိုသာ သူမ မျှော်လင့်နေမိသည်။
*ဘာလို့ လူကိုခက်ခဲအောင် လုပ်ချင်ရတာလဲ Ms.Shonရယ်*
ညနေစောင်းတော့ အိမ်ရှေ့တံခါးမှ ဘဲလ်တီးသံကြောင့်
Wendyသွားဖွင့်တော့ Seulgiနဲ့ Yoonaဖြစ်နေသည်။
YOU ARE READING
My Secretary is My Crush [Completed]
Fanfictionကလေးလေးတစ်ယောက်နဲ့ ကုန်တိုက်ကြီးတစ်ခုလုံးက်ို ဦးစီးနေရတဲ့ အသက်ငယ်ငယ် smartကျကျ မိန်းကလေး တစ်ယောက်ဆီကို မမျှော်လင့်ထားတဲ့ မိန်းကလေးတစ်ယောက်က အတွင်းရေးမှူးအဖြစ် ရောက်လာသောအခါ...💙💗