Ep.9

3.2K 256 2
                                    

My Secretary is My Crush
~~~

Unicode

Yerimကို အတွင်းရေးမှူးLee မူကြိုသွားပို့နေတုန်း
သူမစာဖတ်ခန်းထဲကို ဝင်လာခဲ့သည်။ စာအုပ်စင်ရဲ့ ဒေါင့်က ဗီရိုအကန့်လေးကို သူမတွေဝေစွာ ငေးကြည့်ရင်း အသာအယာဖွင့်လိုက်သည်။ အထဲမှ ခရမ်းရောင် frameလေးနဲ့ ထည့်ထားတဲ့ ဓာတ်ပုံလေးကိုယူပြီး ဖုန်တွေသုတ်လိုက်သည်။

ဓာတ်ပုံထဲမှာ အထက်တန်းကျောင်းဝတ်စုံလေးနဲ့ ဆံပင်ဂုတ်ဝဲကျော်ကျော်လောက်ရှိတဲ့ ကောင်မလေး
တစ်ယောက်က ပြုံးလျက်နေရာယူနေသည်။
ထိုကောင်မလေးရဲ့ မျက်နှာက ဝင်းပစိုပြေနေပြီး မြင်သူ
ချစ်ခင်စရာ မျက်နှာရှိသူဖြစ်သည်။

*ဒီနေ့ဆို နင်ငါ့ဆီရောက်လာတာ 8နှစ်ပြည့်ပြီနော်
Ju Hyun-ah*

Wendy ဓာတ်ပုံကိုကြည့်ပြီး စိတ်ထဲမှ ပြောလိုက်သည်။

*ငါ့မှာနင့်ကို တောင်းပန်စကားပဲ ပြောစရာရှိတယ်
Ju Hyunရယ်။ နင်ဒီပုံထဲကလိုပဲ အပြင်မှာလည်း
လှလှပပပျော်ပျော်ရွှင်ရွှင် အရွယ်ရောက်လာပြီမလား?
အခုဆို နင့်ဘေးမှာ နင်ချစ်ရတဲ့သူများ ရှိနေပြီလား?
ကိုယ်ပိုင်မိသားစုလေးရော ရနေပြီလား? ငါအကုန်လုံး
သိချင်မိပါတယ် နင်နဲ့ပတ်သက်သမျှပေါ့။ ဒါပေမယ့်
ငါမလုပ်နိုင်ခဲ့ပါဘူး။ နင့်ကိုဓာတ်ပုံထဲကလွဲပြီး အပြင်မှာ တွေ့ဖို့ ငါမကြိုးစားနိုင်ခဲ့ဘူး။ ငါ့ခံစားချက်တွေကို
နင်သိအောင် မဖွင့်ပြောနိုင်ခဲ့ဘူး။ ဒါပေမယ့် ငါကတိ..
ကတိပေးပါတယ်။ Yerimလေး အရွယ်ရောက်လာတဲ့ တစ်နေ့ကျရင်တော့ နင့်ကိုကျိန်းသေ လာတွေ့ပါ့မယ်နော်။ ငါအပြင်မှာ နင့်ကို တခြားတစ်ယောက်နဲ့ တွေ့တဲ့အခါ ဘာမှမဖြစ်သလို နေနိုင်မလားဆိုတာ ငါမသိဘူး။ နင်ကတော့ ငါ့ကိုသိတောင်သိမှာ မဟုတ်ပေမယ့်လေ*

ဒေါက်...ဒေါက်

သူမသက်ပြင်းချလျက် အပြင်ကတံခါးခေါက်သံကြောင့်
အတွေးစတို့ကို ဖြတ်တောက်လိုက်သည်။

"ကျွန်တော်ပြန်ရောက်ပါပြီ Ms.Shon~ အဆင်
သင့်ဖြစ်ရင် ကုန်တိုက်ကို သွားကြရအောင်ပါ"

"တို့လာပြီ အတွင်းရေးမှူးLee"

•••••••••••••••••••

My Secretary is My Crush [Completed]Where stories live. Discover now