ဒီနှစ်နွေက အရင်နှစ်တွေ
ထက်ပိုပူတယ် ....ပူကပူ မီးကပျက်
ယပ်တောင်တဖျတ်ဖျတ် ခတ်နေတဲ့ သူ့အနားလာထိုင်ပီး အကိုရယ်
ဆံပင်တွေကိုဖွနေတယ်..."ဆံပင်တောင် အတော်ရှည်နေပီ...ဂုတ်ထောက်တော့ ပိုယားမှာပေါ့. .ညှပ်မလား?"တဲ့
အစက ထင်လိုက်တာက
အပြင်သွားရတော့မယ်ပေါ့!"ကိုယ်ညှပ်ပေးမယ်လေ"
"တခါမှ မညှပ်ဖူးပေမဲ့ youtubeကနေ ကြည့်ထားတယ်.." တဲ့
ကပ်ဘေးကာလမှာ ကပ်ထပ်စိုက်တာပဲ.. ><
ငြင်းလိုက်ပြန်ရင်လဲ
စိတ်မကောင်းဖြစ်ပီး
Dဝင်သွားဦးမယ်..."ထ....ဝရံတာဘက် ထွက်ညှပ်ရအောင်" တဲ့
ချက်ချင်းကြီး!
အံမယ် ကတ်ကြေးတောင် ဘယ်တုန်းကပြေးယူလိုက်တယ် မသိ... ><
ခုချိန် ဘယ်ဘုရား တ ရင် မီ လောက်မလဲ ?
ညှပ်ခါနီး မျက်လုံးလေး
လှန်ကြည့်ရင်း
"အကို ချစ်တယ်နော် ...ချစ်တယ် သိလား" လို့ပြောတော့....အကိုက မျက်လုံးတွေပိတ်တဲ့ထိ ပြုံးရင်း...
"သိတာပေါ့ သိတယ် "တဲ့အေးလေ ..ဒီလိုအပြုံးနဲ့မှတော့ ယုံမှတ်လို့ ပုံအပ်ရုံရှိတော့တာပေါ့
ခြွေနေလိုက်.. :/ညှပ်တာ ဘလောက်ကြာလဲ ဆို ငိုက်ပါငိုက်တယ်....
ဆတ်ခနဲ လန့်ပီး ထ ရပ်လိုက်တော့
အကိုက အော်တယ်
"ဘလို ဖြစ်ရတာတုန်း
အကြီးကြီး ညှပ်မိသွားပီ...ပြန်ညှိရတော့မယ် ထိုင်.." တဲ့ကျနော့်ဆံပင်လေးတော့ အမျှဝေလိုက်သင့်ပီထင်မိတာပဲ...
"ပီးပီ"
သက်ပြင်းကို ရဲရဲကြီး ချပလိုက်တယ်....
"ပြ...မှန်ပြဦးလေ.. အကိုရ"
အကိုက သွားကိုဖြဲလို့ အကြီးကြီးရယ်ပြတယ်...
"ထိုင်နေ.. အကိုပြမယ် "ဆိုပီး
မှန်ကို သူ့ခေါင်းတပတ်လည် ဖျတ်ခနဲ ဖျတ်ခနဲ ပြတယ်..အတင်းဆွဲလုပီး သေချာကြည့်မှ သိလိုက်ပါပီ......
"အကို..."