တကယ်လို့များ
ကျနော့်မှာ ကိုယ်ဖျောက်နိုင်တဲ့အစွမ်းတစ်မျိုး ရှိတယ်ပဲ ဆိုပါစို့...။ဒီနေ့လို တလောကလုံး
အဝါရောင် လွှမ်းနေတဲ့နေ့မျိုးမှာ
အကိုသွားလေရာနေရာတိုင်း
အကို မသိရလေအောင်
အနောက်ကနေ
တကောက်ကောက် ကပ်လိုက်မယ်..။ကျနော် မဟုတ်တဲ့
တခြားသူတွေရှေ့ အကို့အပြုံးတွေ
သိပ်ချိုလွန်းတယ်လို့ ထင်မိတဲ့အခါကျ
နှုတ်ခမ်းဖျားအောက်က
မှဲ့နက်လေးကို လက်ညှိုးနဲ့ အသာတောက်လို့ တိတ်တဆိတ် အပြစ်ပေးရမယ်..။ရုတ်တရက် လန့်ပြီးတွန့်ချိုးသွားမယ့်
အကို့မျက်ခုံးတွေရဲ့ အချိုးအဆကို
ကြည့်ရင်း
အသံတိတ် ကျိတ်ရယ်မယ်..။အစားစားတဲ့အချိန်ကျ
ဝိတ်ချဖို့အရေး အမြဲအားသန်နေတဲ့
အကို့ပန်းကန်ထဲ
မုန့်တွေကို လူအလစ်မှာ မသိမသာ
ထပ်ထပ် ဖြည့်ပေးမယ်..။
အကိုတစ်ယောက်
အမှတ်မှားတယ်ထင်ပြီး
နဝေတိမ်တောင်နဲ့
တကျော့ ပြန်စားမိတဲ့အခါကျ
ကျနော်လည်း အကို့ကို
အစကနေ တကျော့ ပြန်ငေးမယ်...။ညနေစောင်းတဲ့အထိ
ကိုယ်ယောင်ဖျောက်ထားတဲ့ ကျနော့်ကို
အကို အသံတိတ်မေတ္တာပို့လာတဲ့ အခါမှ
အကို့အနား တိုးလို့
ခပ်တိုးတိုးလေး ကပ်ပြောမယ်...။အကို့ထက် ခြောက်နှစ်ငယ်တဲ့ ကျနော်က
အကို့ကို မနှစ်ကထက်
နှစ်ဆတိုးလို့
အများကြီးပိုချစ်ရပါတယ်..လို့..လေ။ရှောင်းကျန့်တစ်ယောက်
ရုတ်တရက် နားနားကပ်ကြားလိုက်ရတဲ့
လေသံကြောင့် လန့်ပြီး
လက်ကို ဖျတ်ခနဲ ဆန့်ထုတ်မိလိုက်ရာ
နံဘေးနားရောက်နေတဲ့
ဝမ်ရိပေါ်ရဲ့ ဝမ်းဗိုက်ဘက်ရှိရာဆီ
တန်းတန်းမတ်မတ်ကြီး
လှမ်းခတ်မိသွားပါလေရော..။အဲ့ဒီမှာတင်
ဝမ်ရိပေါ်ရဲ့ အော်သံ အကျယ်ကြီး
ချက်ချင်းဆိုသလို
ထွက်ပေါ်လာပါတော့တယ်..။"ဘလိုတောင် ရိုက်လိုက်တာလဲ"
"အဲ့နား တက်တူးထိုးထားတာ
အခုထိ အနာမကျက်သေးဘူးလို့...""အာ...အရမ်းနာ သွားလား..."
"အင်း..အရမ်း..."
"ဘယ်လိုလုပ်မလဲ..
ဆေးလိမ်းပေးရမလား...""မလိုဘူး..
One kiss ဆို ပျောက်တယ်..""ဒါ သက်သက်ကြီး ဉာဏ်ဆင်တာ.."
"တကယ်ဆို မင်းနဲ့ငါ
တချိန်တည်း တက်တူးအတူထိုးခဲ့တာပါ..
ငါကျ ဘာလို့ မနာတော့တာလဲ..""ဒါကျ မတူဘူး..
ကျနော့်အသားက နုလို့..""Ahhhh...
အဲ့လိုသာ ထပ်ရိုက်နေမယ်ဆို..
One ကို Twoနဲ့မြှောက်လိုက်မှာနော်..""ဝမ်ရိပေါ်..မင်း..လူမှ ဟုတ်သေးရဲ့လား.."
"လူ မဟုတ်ဘူး..
ကျနော်က ကျားသစ်.."