ငါးရက်နေ့ကူးတာနဲ့
အရင်ဆုံး ဆုတောင်းပေးသူက
သူပဲ ဖြစ်ရမယ်..။ဒါက သူ့ရဲ့ ကနဦး အတွေးသာဖြစ်တယ်..။
စက္ကန့်ကိုတွက်လို့ မိနစ်ကိုရေတယ်..။
သူ့မျက်လုံးထဲတော့
လက်တံတိုက နှစ်ထပ်ဖြစ်ပြီး
လက်တံရှည်က ....💤💤💤ဧည့်ခန်းထဲမယ် သန်းခေါင်ကျော်ထိ
ငုတ်တုတ်စံနေတဲ့ သကောင့်သားကို
အိပ်ရာထဲ သွားအိပ်ဖို့
ရှောင်းကျန့်တစ်ယောက် နှိုးနေပါတယ်..။ဖောင်းနေတဲ့ပါးရယ်
ပူချင်နေတဲ့ ဗိုက်ရယ်..။ဝမ်ရိပေါ်ရဲ့တစ်နေ့တာမှာ
တစ်နပ်ပဲစားတယ့် ဝိတ်ချပလန်က
ရှောင်းကျန့်ရဲ့ သုံးနပ်စာနဲ့တော့
အတူတူလောက်ပဲ ကျပါတယ်..။စိတ်ပေါက်ပေါက်နဲ့
တရွတ်တိုက်ဆွဲခေါ်ပြန်ရင်လည်း
အလိုက်သင့် ပါလာမယ့်သဘောရှိတယ်..။"ထတော့လို့ဟ.."
စိတ်မရှည်လို့ အော်လိုက်တာမှာ..
ရိပေါ်ရယ်
ရုတ်တရက် ဝုန်းခနဲ ထရပ်လာပါတယ်..။ပြီးတော့ အော်လိုက်တာက...
"BooM တဲ့.."
အေး Boom နေလိုက်...
ပြီးမှ.."ခု ဘယ်နနာရီလဲ
ဘယ်နနာရီ ရှိသွားတာလဲ..."တဲ့သူ့နောက်ကျောက နာရီကို ကျော်ကြည့်ပြီးအိပ်ခန်းဘက်ပြေးပြန်တယ်..။
သူ နောက်က လိုက်ဝင်တော့..
ရိပေါ်ရယ် ကုတင်အောက်ထဲ
ခေါင်းတိုးဝင်လို့ ကုန်းကုန်းကြီး...။"ဒါက ဘာလုပ်နေတာ..."
မေးရင်းနဲ့ သူ လျှောက်အလာမှာ
ရိပေါ်တွန်းထုတ်လိုက်တဲ့ဘူးကို
ခလုတ်တိုက်မိပါတယ်..။"ကုန်ပါပြီ.."တဲ့
ကုတင်အောက်ကနေ
အမြန်ပြန်ထွက်လာတဲ့ရိပေါ်က
သူတိုက်လိုက်တဲ့ဘူးကို
အရှိန်လွန်ပြီး ခလုတ်ထပ်တိုက်ပြန်တယ်"ဘာတွေလဲ..."
သူ ဖွင့်အကြည့်မှာ
မွေးနေ့ကိတ်..
အစကတော့ လှခဲ့ပုံရပေမယ့်
ခုတော့ ပုံပျက်ပန်းပျက်နဲ့
သံဝေဂရစရာ..