ခု ညနေပိုင်းအစီအစဉ်မှာ
အချစ်လက်ချာလေး အနည်းငယ်
ရိုက်ချင်ပါတယ်ဗျ..။ကိုယ်ချစ်တဲ့သူနဲ့ အရာရာထပ်တူညီဖို့
ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး..။ဒါပေသိ ချစ်တဲ့သူချင်းမို့
ဒီလိုပဲညှိယူရပါတယ်..။အခြေခံအကျဆုံးဖြစ်တဲ့
အစားအသောက်ကနေ
စပြောပြပါမယ်ခဗျ....။ကျနော်ဆို စားသမျှထဲ ရှာလကာရည်လိုက်ထည့်တဲ့အထိ အချဉ်ကြိုက်ပီး
အကိုကကျ အစပ်အရမ်းကြိုက်ပါတယ်..။ခုကျ နှစ်ဦးသဘောတူ
အချဉ်ရော အစပ်ပါထည့်စားပါတယ်...။ဒါပေမဲ့ အကိုဟာ သိပ်လည်ပါတယ်
ရှာလကာရည်ပုလင်းထဲ ရေရောထားပါတယ်.... ><
(အစက qualityမကောင်းဘူးထင်နေတာ)နောက်တခုကကျ
တယောက်အလုပ် တယောက်ကူတာပါ....အကိုက ဟင်းချက်ရင် ကျနော်က
နံနံပင်ဖြူးပါတယ်...။ဘေးကနေ လှီးသင့်တာလှီးပါတယ်
Sizeမတူ ပုံစံကွဲကုန်တာတော့
ကျနော်လဲ မတတ်နိုင်ပါ...။ဟင်းတော့ဝင်မချက်ဘူးခဗျ..။
အိုးပူလား စမ်းကြည့်ဆိုတာနဲ့
လက်ဝါးဖြန့်ထည့်ပီး စမ်းမိလို့
ပတ်တီးတစ်ပတ်ကျော်စည်းလိုက်ရကတည်းက အကိုက
မီးဖိုနားယောင်လို့တောင်
အကပ်မခံတော့လို့ပါ..။အဲ ပီးတော့....
ကျနော် ဆိုင်ကယ်စီးရင်
အကိုက ဆီဖိုးပေးပါတယ်
ရေဆေးပေးပါတယ်
ခုတော့ ဂိုထောင်ထဲသိမ်းသွားတာ
နှစ်ပေါက်ပါတော့မယ် ...
(နှစ်ခါမှောက်ထားတယ်လေ..)2020မှာပြန်စီးနိုင်ဖို့ အကို့ဆီက ဆိုင်ကယ်သော့ခိုးမှာပါ...။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့
ကျနော် တယောက်တည်းအိပ်တုန်းက
အမှောင်ကြောက်လို့ မီးဖွင့်အိပ်ပါတယ်..ခုတော့ မီးမဖွင့်တော့ပါဘူး...
စိတ်ထင်ရာ လျှောက်မတွေးကြပါနဲ့...။အကိုနဲ့ လက်ကလေးကိုင်ပီး
အိပ်ကြတာပါ...။ဟုတ်ကဲ့ ကျနော်ကတော့
မိတ်ဆွေတို့ထက် အချစ်ဝါရင့်သူ
ဝမ်ရိပေါ်ပါခဗျာ...အားလုံးအတွက်
မင်္ဂလာရှိသော ညနေခင်းလေး
ဖြစ်ကြပါစေ ခဗျာ... ^^(Z)
ခု ညေနပိုင္းအစီအစဉ္မွာ
အခ်စ္လက္ခ်ာေလး အနည္းငယ္
ရိုက္ခ်င္ပါတယ္ဗ်..။ကိုယ္ခ်စ္တဲ့သူနဲ႔ အရာရာထပ္တူညီဖို႔
ဆိုတာ လြယ္တဲ့ကိစၥေတာ့ မဟုတ္ပါဘူး..။ဒါေပသိ ခ်စ္တဲ့သူခ်င္းမို႔
ဒီလိုပဲၫွိယူရပါတယ္..။အေျခခံအက်ဆံုးျဖစ္တဲ့
အစားအေသာက္ကေန
စေျပာျပပါမယ္ခဗ်....။က်ေနာ္ဆို စားသမ်ွထဲ ရွာလကာရည္လိုက္ထၫ့္တဲ့အထိ အခ်ဉ္ႀကိဳက္ပီး
အကိုကက် အစပ္အရမ္းႀကိဳက္ပါတယ္..။ခုက် ႏွစ္ဦးသေဘာတူ
အခ်ဉ္ေရာ အစပ္ပါထၫ့္စားပါတယ္...။ဒါေပမဲ့ အကိုဟာ သိပ္လည္ပါတယ္
ရွာလကာရည္ပုလင္းထဲ ေရေရာထားပါတယ္.... ><
(အစက qualityမေကာင္းဘူးထင္ေနတာ)ေနာက္တခုကက်
တေယာက္အလုပ္ တေယာက္ကူတာပါ....အကိုက ဟင္းခ်က္ရင္ က်ေနာ္က
နံနံပင္ျဖဴးပါတယ္...။ေဘးကေန လွီးသင့္တာလွီးပါတယ္
Sizeမတူ ပံုစံကဲြကုန္တာေတာ့
က်ေနာ္လဲ မတတ္ႏိုင္ပါ...။ဟင္းေတာ့ဝင္မခ်က္ဘူးခဗ်..။
အိုးပူလား စမ္းၾကၫ့္ဆိုတာနဲ႔
လက္ဝါးျဖန႔္ထၫ့္ပီး စမ္းမိလို႔
ပတ္တီးတစ္ပတ္ေက်ာ္စည္းလိုက္ရကတည္းက အကိုက
မီးဖိုနားေယာင္လို႔ေတာင္
အကပ္မခံေတာ့လို႔ပါ..။အဲ ပီးေတာ့....
က်ေနာ္ ဆိုင္ကယ္စီးရင္
အကိုက ဆီဖိုးေပးပါတယ္
ေရေဆးေပးပါတယ္
ခုေတာ့ ဂိုေထာင္ထဲသိမ္းသြားတာ
ႏွစ္ေပါက္ပါေတာ့မယ္ ...
(ႏွစ္ခါေမွာက္ထားတယ္ေလ..)2020မွာျပန္စီးႏိုင္ဖို႔ အကို႔ဆီက ဆိုင္ကယ္ေသာ့ခိုးမွာပါ...။
ေနာက္ဆံုးအေနနဲ႔ ေျပာခ်င္တာကေတာ့
က်ေနာ္ တေယာက္တည္းအိပ္တုန္းက
အေမွာင္ေၾကာက္လို႔ မီးဖြင့္အိပ္ပါတယ္..ခုေတာ့ မီးမဖြင့္ေတာ့ပါဘူး...
စိတ္ထင္ရာ ေလ်ွာက္မေတြးၾကပါနဲ႔...။အကိုနဲ႔ လက္ကေလးကိုင္ပီး
အိပ္ၾကတာပါ...။ဟုတ္ကဲ့ က်ေနာ္ကေတာ့
မိတ္ေဆြတို႔ထက္ အခ်စ္ဝါရင့္သူ
ဝမ္ရိေပၚပါခဗ်ာ...အားလံုးအတြက္
မဂၤလာရိွေသာ ညေနခင္းေလး
ျဖစ္ၾကပါေစ ခဗ်ာ... ^^