🎵မင်းရဲ့နှုတ်ခမ်းထောင့်စွန်းတွေ
ကော့တက်လာတဲ့အထိ ပြုံးရယ်နေတာမျိုးကို ...ငါ တကယ် မြင်ချင်တယ်..🎵နိုးနေပြီဆိုပေမယ့်
မျက်လုံးတွေမဖွင့်သေးပဲ
သူပြုံးလိုက်တယ်..။ပြောင်းလိုက်တဲ့ နှိုးစက်သံက
ဒါတဲ့လား...။အကို့အကြောင်းတွေးမိတော့
သံစဉ်တွေက အဝါရောင်..။ပိတ်ထားတဲ့ပြတင်းပေါက်ကို
ဖွင့်လိုက်တယ်..။နေသာလို့ထင်တယ် ..။
ဟိုဘက်ခြံက အန်တီကြီးက
အဝတ်တွေ ထွက်လှမ်းနေတယ်..။
ဝတ်ထားတဲ့ဂါဝန်ကားကားကြီးက
အဝါရောင် ..။ဒီနေ့တစ်ရက်တော့
အိမ်မှာတွေ့နေကျ အကိုနဲ့
အပြင်မှာ ဆုံဖို့ချိန်းထားတယ်..။ဆောင်းလေ့ဆောင်းထ မရှိတဲ့
အုပ်ထုပ်ဝိုင်းကို ဆောင်းလိုက်တယ်..။ရွေးလိုက်တဲ့ Teeက အဝါရောင်..။
မျက်မှန်ပါတပ်ဖို့ အကြံကိုတော့
ပယ်ချလိုက်တယ်..။အကိုနဲ့တွေ့တဲ့အခါ
မျက်လုံးချင်း ဆုံနေမှဖြစ်မယ်..။ဝင်လာတဲ့ ph callကို ဖြေလိုက်တယ်..။
"ကျနော် အခုပဲ ထွက်လာပြီ.."
ဒီလိုနေ့ဆို လမ်းမထက်မှာ
အချစ်ငှက်ကလေးတွေနဲ့ ပြည့်လို့ပါပဲ..။လမ်းမှာတွေ့တဲ့ ပန်းဆိုင်တစ်ခုကို
ဝင်ခဲ့တယ်..။
ပထမဆုံးအကြည့်ရောက်မိတဲ့ပန်းတွေက အဝါရောင်ပဲဖြစ်တယ်..။အဝါရောင်နေ့စွဲတွေ
အများကြီး ရှိချင်သေးတဲ့အကြောင်း
အကိုနဲ့တွေ့တဲ့အခါ တခုတ်တရ
ပြောရပါဦးမယ်..။"Hey...အကိုရေ..."
နောက်လှည့်ကြည့်ဖို့ ဟန်ပြင်နေတဲ့
အကို့ကျောပေါ်
ခုန်တက်လိုက်တယ်..။ဟန်ချက်မညီတော့
နှစ်ယောက်စလုံး လဲတယ်..။လဲကျရာ မြက်ခင်းပြင်ပေါ်မှာ
ပြန်မထပဲ လှဲအိပ်လိုက်ကြတယ်..။အကိုက တိမ်တွေကိုငေးရင်း ပြောတယ်..။
"သိပ်လှတာပဲ...."တဲ့