Gun 🖤
အပြင်အင်္ကျိမထူမပါးလေးတစ်ထည်ကိုကျောင်းအင်္ကျီအပေါ်မှထပ်၀တ်ကာလက်ထဲ၌လက်ကိုင်ပုဝါလေးတစ်ခုကိုင်ပြီး Gun တစ်ယောက်အတန်းထဲ၀င်လာခဲ့သည်။
"မနေ့ကဘာလို့ကျောင်းမတက်တာလဲGun"
Fluke ရဲ့အမေးကြောင့်လက်ကိုင်ပုဝါလေးကိုအုပ်လိုက်ပြီး
"အဟွတ် ..... "
ချောင်းဆိုးလိုက်တော့
"မနေ့ကမိုးမိသွားတာမလား Gun"
သူငယ်ချင်းကတောင်Gun အကြောင်းသိနေပြီ။
"အင်းဟုတ်တယ်။တစ်ယောက်ယောက်ကို
ငါ့ထီးငှားလိုက်တာ မိုးရေထိသွားလို့
နဲနဲကိုယ်ပူပြီးဖျားသွားတာ""အင်းပါ ဂရုစိုက်ဦး
မနေ့ကသင်တာတွေငါပြောပြမယ်"ဖတ်စာအုပ်လေးထုတ်ကာ
နှစ်ယောက်သားခေါင်းလေးပူးကပ်ပြီး
တစ်ယောက်ကစာရှင်းပြတော့
နောက်တစ်ယောက်က
အသေအချာနားထောင်နေလေသည်။ရုတ်တရက်အတန်းထဲကကောင်မလေးများက
"ဟိုး.. ဟိုမှာ P'Off
သူကအရမ်းခန့်တာဘဲ"တစ်ယောက်တစ်ပေါက်စကားသံများကြောင့်
အကြည့်ကလူအများစုကိုဆွဲဆောင်တဲ့
သူဆီကိုရောက်သွားခဲ့သည်။"ဟင် အရင်နေ့ကငါထီးငှားလိုက်တဲ့သူဘဲ"
Gun တစ်ယောက်စိတ်ထဲ၌ရေရွတ်လိုက်သည်။
Off ဆိုတဲ့လူက အတန်းရှေ့၌ရပ်လိုက်ပြီး
Gun ရဲ့ထီးကိုကိုင်ကာ အတန်းထဲမှခပ်ချောချော
ကောင်မလေးတစ်ယောက်အနားသို့ကပ်ကာ
တစ်ခုခုမေးနေလေသည်။ထို့နောက်အတန်းထဲ၀င်လာပြီး
Gunရဲ့စာရေးခုံပေါ်၌ထိုင်လိုက်ပြီး
ပိုးသားလိုနူးညံ့နေတဲ့ အရှေ့တိဆံပင်လေးအား
ခပ်ဖွဖွလေးပုတ်လိုက်ပြီး"ရော့ မင်းထီး"
လက်ထဲထီးထည့်ပေးလိုက်ကာ
Off က Gun ရဲ့မျက်နှာကို
သေသေချာချာစိုက်ကြည့်နေလိုက်သည်။"အိုး......"
အတန်းထဲမှကောင်မလေးများက
Gun အား အားကျသွားတဲ့အသံမျိုးနဲ့
လှမ်းအော်ကြသည်။