Gun💛
ကန်းတင်း၌ သူငယ်ချင်းနှစ်ယောက်
စကားများပွစိပွစိပြောရင်း
ရယ်မောနေကြသည်။"ငါအအေးသွား၀ယ်လိုက်ဦးမယ်
နင်နေခဲ့""အင်းအင်း မြန်မြန်လာခဲ့နော်"
Gun တစ်ယောက်ပစ္စည်းများထားခဲ့ကာ
အအေး၀ယ်ဖို့လွယ်အိတ်နဲ့အတူထွက်သွားခဲ့သည်။"စတော်ဘယ်ရီတစ်ခွက် သံပုရာတစ်ခွက်"
သူငယ်ချင်းဖြစ်သူအတွက် သံပုရာရည်နှင့်
ဘာ၀ယ်၀ယ်ပန်းရောင်ဘဲ၀ယ်တတ်တဲ့
မိမိအတွက်တော့စတော်ဘယ်ရီတစ်ခွက်
မှာလိုက်သည်။××××××××
Off 💛
"ချစ်နေမိတာမှားနေလည်းလေ
မပြင်တော့ဘူးချစ်သူ...
နာကျင်စရာသူပြောတဲ့စကားတွေ
မနားနိုင်အောင်ကိုချစ်မိနေတော့...🎵"Gun ထွက်သွားတော့
"ညီမ ဒီမှာထိုင်မယ်နော်"
Off တစ်ယောက်ခွင့်တောင်းကာ၀င်ထိုင်လိုက်သည်။
"ဟုတ်ကဲ့ P'Off ထိုင်ပါ။
Gun ဆီလာတာလား "Pineare ရဲ့အမေးကို
ခေါင်းလေးငြိမ့်ကာဖြေလိုက်သည်။"သူ အကို့ကို ရှောင်နေတယ် ညီမ
ဘာဖြစ်လို့လည်းမသိဘူး "လက်တစ်ဖက်ကိုကျန်လက်တစ်ဖက်နဲ့ပွတ်ရင်း
စိတ်ပူနေသလိုပုံစံမျိုးနဲ့ပြောလိုက်တော့
အရှေ့မှာရှိနေတဲ့ Pineare ပင်
စိတ်ထဲမကောင်းဖြစ်သွားမိသည်။"သူကဘာလို့ရှောင်တာလဲ"
အားမလိုအားမရမေးလိုက်တော့
"အကို့နဲ့ မခင်ချင်ဘူးတဲ့လေ။
သူစိမ်းနဲ့လည်းအပေါင်းအသင်းမလုပ်ချင်ဘူးတဲ့""သူအရင်ကအဲလိုမဟုတ်ပါဘူး"
"အင်း အကိုလည်းထင်ပါတယ်"
Ph ringtone 🎵🎶
"ဟယ်လို Gun"
__________________________________
Gun💛
လက်ထဲမှာအအေးနှစ်ခွက်ကိုကိုင်ကာ
ခုနကထိုင်နေတဲ့ ဝိုင်းကိုလာတော့
ကျွန်တော်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
ဝေးဝေးကိုရှောင်ထွက်ဖို့စိတ်ကူးမိသည်။