မချစ်တော့ဘူးလို့ပြောတဲ့စကားမှာ
အချစ်တွေပါသေးတယ် လမ်းခွဲဖို့အတွက်
နှုတ်ဆက်လည်း အကြည့်မှမလွှဲနိုင်ဘဲ
မုန်းလိုက်ပါတော့ကွယ် တကယ်ကိုမကောင်းတဲ့
ငါ့အတွက် ဘာကြောင့်ငိုကြွေးမလဲ......🎵🎶Gun 💛
ကျွန်တော်တကယ်ကို Papi အရှေ့မှာ ဒူးတွေညွန့်ခွေမသွားအောင် ခံကိုကြိတ်ပြီးထိန်းနေခဲ့ရတာပါ။
မငိုမိအောင် သိုသိုသိပ်သိပ်နေနေရတာ ဒီလူပင်ပန်းလှပါပြီး။ Papi ပြောသလို အဝေးကိုဘဲပြေးထွက်သွားလိုက်ချင်တယ်။
"Papi ဘာလို့မချစ်တော့တာလဲဟင်"
သူ့ဆီကထွက်လာတဲ့အဖြေကိုခံနိုင်ဖို့အင်အားမရှိပေမယ့်လည်း အားတင်းရင်း မေးနေမိပြန်ပါတယ်။
"ငါချစ်ရတဲ့သူကိုတွေ့နေပြီ...
ငါချစ်တာမင်းမဟုတ်ဘူး
ဘယ်လိုရှင်းပြမှနားလည်မှာလဲ စိတ်ပျက်တယ်""ကျွန်တော့်ကိုအပျော်တွဲခဲ့တာလား"
မဟုတ်ဘူးလို့ငြင်းပေးပါ Papi ....
"အင်း ....ငါဘယ်သူ့ကိုအတည်တွဲဖူးလို့လဲ"
ဟုတ်ပါတယ် ကျွန်တော်သိပါတယ်...
ကျွန်တော် အရမ်းမျှော်လင့်ထားမိပြန်တယ်။*Gun တစ်ယောက်ကတော့ ငိုယိုလျက်။
မျက်ရည်များလည်းမထိန်းနိုင်တော့ပါဘူး။Off ရဲ့ လက်မောင်းများအား ဆွဲထားသောလက်ကလေးကို လွှတ်ချကာ ရှိုက်လျက်လေး တိုးတိုးလေးညည်းလိုက်တယ်။
"P' ကို ကျွန်တော်အရမ်းမုန်းတယ်"
မမုန်းနိုင်ပါဘူး Papi ရယ်။
"ခင်ဗျားနှင်ထုတ်စရာမလိုဘူး ....
ကျွန်တော်ထွက်သွားမယ် "Gun ကိုဆွဲထားပါဦး Papi ...
Gun ခြေလှမ်းတွေ Papi ဆီကိုဘဲလှမ်းနေမိလို့ပါ။ကျွန်တော့်စကားတွေကို Papi က ပြုံးပြုံးလေးနဲ့ဘဲနားထောင်ပြီး ဘာဆိုဘာမှမတုံ့ပြန်ခဲ့ဘူး ဗျာ။
ရင်ဖတ်တခုလုံး စုတ်ပြတ်သက်ပြီး နာကျင်တယ်ဆိုတာ ဒီလိုမျိုးကိုခေါ်တာနေမှာပေါ့။
"P' ...မိုးရွာတော့မယ် "
*Gun အရှေ့မှာတင် May က Off လက်မောင်းလေးကိုလှမ်းဆွဲကာ ထီးမိုးပေးပြီး ကားထဲ၀င်ရန်ခေါ်နေတော့သည်။