ဒီနေ့ည Gulf ကို လချုပ်စားရင်းတွေရှင်းခိုင်းမလို့အိမ်ခေါ်ထားမိတော့စားရင်းစာအုပ်တွေနဲ့ lap top ကိုစားပွဲပေါ်တင်ကာ ဟိုကြည့်ဒီကြည့်ကြည့်နေမိသည်။
Gulf တွေ့လိုက်ရင်တစ်ခုခုကိုပြောပြချင်သလိုမျိုးဖြစ်ပြီးရင်ဖတ်ထဲမှာလည်းဟာတာတာနဲ့။သူပြုံးနေတာလေးမြင်လိုက်ရင်ပီတိဖြစ်နေသလိုမျိုး။
ကျွန်တော်အိပ်ရာပေါ်တွင်လှဲကာ ဒီကောင်လေးအကြောင်းစဉ်းစားနေမိသည်။
"ဟူး ဘာတွေတွေးနေတာလဲ"
ခေါင်းကကိုက်လာပြန်တော့အတွေးများအားခဏတဖြုတ်ရန့်တန့်ရပြန်သည်။အိမ်ရှေ့မှ bell တီးသံကြောင့်ကျွန်တော်လည်းအိမ်အောက်ထပ်သို့ပြေးဆင်းလာလိုက်မိသည်။
သေချာတယ်အဲတာ Gulf ဘဲဖြစ်မှာပါ။ကျွန်တော်တံခါးအားဖွင့်လိုက်တော့တစ်ကိုယ်လုံးမိုးရေတွေရွဲနေတဲ့ Gulf ။ချမ်းလွန်းလို့ထင်ပါရဲ့လက်ကိုပိုက်ကာနှုတ်ခမ်းတို့ကတုန်ရီနေသည့်အပြင်တစ်ကိုယ်လုံးလည်းတုန်ရီနေလို့ပေါ့။
"ကျွန်တော် အိမ်ထဲ၀င်လိုဖြစ်ပါ့မလား။
တစ်ကိုယ်လုံးလည်းရွဲနေပြီဆိုတော့
အိမ်ပြန်လိုက်ပါမယ် မနက်ဖြန်မှစောစောစီစီး....."သူ့စကားမဆုံးခင်မှာဘဲ သူ့လက်ကလေးကိုဆွဲယူကာအိမ်ထဲခေါ်သွင်းလိုက်ပြီး တံခါးကိုပြန်ပိတ်ထားလိုက်သည်။ကျွန်တော်ဆွဲသလိုအလိုက်သင့်ကလေးပါလာတဲ့Gulf က မျက်လုံးအဝိုင်းသားဖြင့်ကျွန်တော့်အားကြည့်လျက်။
"လာ ငါ့အင်္ကျီယူ၀တ်"
သူ့လက်ကိုဆွဲကာအပေါ်ထပ်ကိုခေါ်ဆောင်လာပြီးကျွန်တော့်အခန်းထဲ၀င်လိုက်သည်။အခန်းထဲရှိရေချိုးခန်းထဲသူ့ကိုပို့လိုက်ပြီး
"ခဏနော် အ၀တ်တွေယူပေးမယ်"
ပြောလိုက်တော့ ခေါင်းလေးငုံ့ကာ
"အင်း" ဟု ဖြေရှာသည်။
ကျွန်တော်အင်္ကျီလက်ရှည်နဲ့ည၀တ်ဘောင်းဘီအရှည်ပွပွလေးကိုသူ့ကိုသွားပေးတော့
"ဖုန်းလေးယူပေးထားပါနော်"
လက်ထဲမှရေစိုနေတဲ့ဖုန်းအားလှမ်းပေးလေသည်။