Mew 💛
နေ့ရက်တိုင်းက ရက်ရာဇာလိုပါဘဲ။
ကိုယ့်အနားအချိန်တိုင်း ရှိနေပေးလို့။မနက်မိုးလင်းလို့မျက်လုံးဖွင့်လိုက်တာနဲ့
သူ့မျက်နှာလေးကိုအရင်မြင်ခွင့်ရလို့
ကျေနပ်နေရသူမျာကျွန်တော်ပါ။"ကလေး ထတော့"
သူ့ဆံပင်လေးကိုသပ်ပေးလိုက်ကာ
ပါးလေးကိုတစ်ချက်နမ်းလိုက်ချိန်မှာတော့"မထဘူး ..."
ကျွန်တော့်ကို စွာတေးလန်လေးက
ပြန်အော်နေပြန်သည်။"ရုံးသွားရမယ်လေ "
"ကိုကိုအရင်သွား
ကလေးနောက်မှလိုက်လာမယ်"အိပ်ချင်မူးတူးနဲ့
ကျွန်တော့်ရင်ဖတ်ကိုဆောင့်တွန်းကာ
ဘေးရှိကျွန်တော့်ခေါင်းအုံးကိုယူပြီး
သူ့မျက်နှာပေါ်အုပ်လိုက်တော့သည်။အသဲယားလွန်းလို့
သူ့ခန္ဓာကိုယ်တစ်ခုလုံးကို
ရင်ခွင်ထဲဆွဲသွင်းလိုက်တော့"ကိုကို ချစ်တယ်"
မထင်မှတ်ထားတဲ့ စကားလေးကြားလိုက်ရသည်။
"ကလေးဘာပြောတာလဲဟင်"
"ချစ်တယ် လို့"
ထထိုင်လိုက်ကာ ကျွန်တော့်ပါးကိုနမ်းပြီး
ထပ်ပြောလိုက်သည်။သူက ရေချိုးခန်းဆီသွားဖို့ပြင်လိုက်တော့
အနောက်ကနေသူ့လက်ကလေးကိုလှမ်းဆွဲလိုက်သည်။"ကိုကိုလည်းချစ်တယ်"
ရင်ခွင်ထဲကအူကြူးလေးက
ပြုံးလျက် ခေါင်းငြိမ့်ပြသည်။"ကလေး "
"ဟင် "
"ရေအတူတူချိုးမယ်"
သူ့ခါးလေးကိုဖက်ပြီး
လည်တိုင်လေးကိုနမ်းကာတောင်းဆိုတော့"မရဘူး ...."
ဟုဆိုကာ အတင်းတွန်းတုတ်ပြန်တယ်။
"ဘာလို့လဲ ကလေးရယ်"
"မရဘူး ....ဆို ကိုကိုအရင်သွားချိုး"
ပါးလေးကိုနမ်းကာ ချွဲလျက်။
"ဟွန်း....အတူတူဆိုးချင်တာ"