"တနေ့မတွေ့လို့မဖြစ်တဲ့ငါပါ
အသံကြားမှအိပ်လို့ပျော်တာ
ဒါအကျင့်လိုဖြစ်လာတဲ့အခါ
မင်းကိုချစ်တာအားနည်းချက်လား 🎵""မင်းရဲ့အပြုံးတွေဘဲ
ခဏခဏတွေ့ချင်နေတယ်။
မင်းရဲ့စိတ်ဆိုးနေဒေါသကြီးနေတဲ့
မျက်နှာလေးကိုမြတ်နိုးနေမိတယ်။ "_______________________________________
Mew 💛
မနေ့က သူ့ဆီမရောက်ခဲ့ဘူး။
အမေနဲ့စကားပြောဖို့ညီမလေးကို
ကျောင်းပို့ပြီးအမြန်ပြန်ခဲ့ရတယ်။
ဒီနေ့တော့အတိုးချပြီးလွမ်းနေခဲ့သမျှ
သူ့မျက်နှာလေးကိုကြည့်ပြီး
ဖြေလျှော့ရတာပေါ့။ကျွန်တော် Eco Major အဆောင်ရှေ့ရောက်တော့
ခါတိုင်းလိုခုံလေးမှာထိုင်နေကျကောင်လေးကရှိမနေ။"ဟင် ဘယ်ရောက်သွားတာလဲ"
ကားကိုရပ်လိုက်ကာ
အောက်ဆင်းလိုက်ပြီး
သူ့ကိုလိုက်ရှာရန်ပြင်လုပ်သည်။အဆောင်ရှေ့ကလမ်းလေးအတိုင်း
လျှောက်လာပြီး သူ့ကိုရှာလိုက်တော့
ကျွန်တော့်အရှေ့ခပ်လှမ်းလှမ်းမှာ
ကားကား ကားကား နဲ့ လမ်းလျှောက်နေတဲ့
နှလုံးသားထဲခိုးခိုး၀င်နေတတ်တဲ့
ကောင်လေးကိုတွေ့လိုက်ရပါတယ်။"ဘဲပေါက် ခဏနေဦး"
ကျွန်တော်ခေါ်လိုက်တော့
သူကရပ်လိုက်ပြီးကျွန်တော့်ဖက်ကို
မျက်နှာလှည့်လိုက်ကာ မျက်ခုံးတွန့်လိုက်ပြီး"ဘာလာလုပ်တာလဲ"
ဟု ဒေါသထွက်နေတဲ့အသံကြီးနဲ့ပြောလိုက်ပြီး
ခြေဆောင့်ကာထွက်သွားလိုက်တော့
သူ့လက်ကို အမှီဖမ်းဆွဲလိုက်သည်။
သူဘာကြောင့်စိတ်ဆိုးနေမှန်းကျွန်တော်မသိဘူး။"ဘာဖြစ်နေတာလဲ ဘဲပေါက်"
"ဘာဖြစ်နေလို့လဲ ကျွန်တော်က"
"မင်းဘာလို့ဒေါသထွက်နေတာလဲ"
"ဘယ်သူကဒေါသထွက်နေလို့လဲ
ဘာလို့လာစွတ်စွဲနေတာလဲ"ဟောဗျာကျွန်တော်က
သူဘာဖြစ်နေမှန်းသိချင်လို့မေးမိတာကို
သူ့ကိုစွတ်စွဲတယ်တဲ့ ဗျာ။