"သူနဲ့တွေ့လိုက်ရင်ပျော်တယ်။
ခြေလှမ်းတွေကသူ့ဆီအလိုလိုရောက်သွားတယ်။
သူနဲ့စကားတွေပြောနေရင်ကျေနပ်နေတယ်။
သူ့ရဲ့အမူအရာတိုင်းကိုငေးကြည့်နေချင်တယ်။
မျက်ရည်လဲ့လဲ့လေးနဲ့သူ့မျက်လုံးလေးတွေရဲ့
အဓိပ္ပာယ်ကိုနက်နက်ရှိုင်းရှိုင်းလေးသိချင်မိတယ်။
ခေါင်းလေးကိုပုတ်မယ် မင်းရဲ့ပါးချိုင့်လေးတွေနဲ့
အပြုံးအောက်မှာရှင်သန်မယ်။"
____________________________________
Off 💛အခန်းထဲရှိ ကုတင်အလွတ် နှစ်လုံးပေါ်တွင်
ကောင်လေးနှစ်ယောက်က တစ်ယောက်တစ်နေရာစီ
နေရာယူကြပြီး အနားယူနေကြသည်။"Gulf"
ကုတင်ခေါင်းရင်းကိုမှီကာ
ညာဖက်လက်ကိုခေါင်းအုံးလျက်
ဘေးရှိသူငယ်ချင်းအားခေါ်လိုက်သည်။"အင်း"
တစ်လုံးတည်းဖြေကာ
ဂိမ်းကိုသဲကြီးမဲကြီးဆော့နေသည်။"ငါ မင်းနဲ့အပြိုင်လိုက်နေတဲ့ကောင်မလေးကိုလေ
ဆက်မလိုက်ချင်တော့ဘူး"ခါတိုင်းနဲ့မတူ လေသံတွေပါပြောင်းလို့
စကားပြောနေတဲ့ Off ။"ဘာလို့လဲ"
ရိုးရိုးလေးမေးလိုက်တော့
"ငါမချစ်လို့ပေါ့ကွာ"
"အရင်ကလိုက်ခဲ့သမျှကောင်မလေးတွေရော
မင်းချစ်ခဲ့လို့လား"Off ကိုမကြည့်ဘဲ ဂိမ်းကိုသာဆော့လျက်
မေးနေသော Gulf တစ်ယောက်။"အင်း မချစ်ပါဘူး ဒါပေမယ့်
အခုဟာက ငါစိတ်တွေလေးနေတယ်""ဘာလေးတာလဲ"
"ငါအဲလိုကြီးတွေဆက်မလုပ်ချင်တော့ဘူး"
"ဘာကြောင့်လဲ"
"ငါမသိဘူး Gulf"
စကားပြောရင်းအားမလိုအားမရဖြစ်ကာ
ထထိုင်လိုက်ပြီး ခေါင်းအုံးကိုဖက်လိုက်သည်။"ကဲ ပီးပီ နိုင်သွားပြီ"
ဟုဆိုကာ Gulf က ဆော့လက်စဂိမ်းကို
ရပ်လိုက်သည်။"မလိုက်တော့ဘဲနေရအောင်လား"
"ဘာလို့လဲ မင်းပုံစံကြည့်ရတာ
တစ်ခုခုဖြစ်နေသလိုဘဲ"