Off ကိုဆေးရုံမှာသွားညဖက်စောင့်ပေးပြီး မနက် ၉နာရီလောက် Gulf တစ်ယောက်အိမ်ပြန်ရောက်တော့ ကုတင်ပေါ်တွင် ခြေပစ်လက်ပစ်လှဲလိုက်ပြီး တစ်ရေးတစ်မောအိပ်ရန်ပြင်လိုက်တော့
Ph Ringtone 🎵🎶
"Hello ...."
"Hello P'Gulf "
"အင်း Pineare ပြော "
"P'Mew မမှတ်မိတဲ့ လချုပ်ကိစ္စလေ အဲတာညီမနဲ့ဘဲလုပ်လိုက်ရအောင် နော် P'Gulf "
"အင်း အကိုကရပါတယ် ....
ဒါပေမယ့် အထည်ချုပ်စက်ရုံက ဒီလအတွင်းအမြတ်စားရင်းနဲ့ မန်နေဂျာလက်မှတ်ထိုးထားတဲ့ သွင်းကုန်စရင်းတွေက ဟိုတနေ့ P'Mew ဆီအလုပ်လာလုပ်ရင်း အခန်းထဲမှာကျန်ခဲ့တယ် အဲတာယူရဦးမယ် ""ရတယ်အကို ...ညီမလည်းအခုအပြင်ရောက်နေလို့။ညနေ၄နာရီအကို အိမ်လာခဲ့ပါလား ညီမတို့အိမ်မှာဘဲလချုပ်တွေစစ်ရအောင် ရတယ်မလား အကို"
"အင်းရပါတယ် ....."
_________________________________________
Mew 🖤
"မင်းဘာလာလုပ်တာလဲ July "
ရေချိုးခန်းအတွင်းမှ ထွက်လာတဲ့ Mew တစ်ယောက်အပေါ်ပိုင်းဗလာကျင်းနဲ့ အောက်က သပတ်ကို ပတ်လျက် အခန်းထဲခွင့်မတောင်းဘဲ၀င်လာတဲ့ July အားတအံ့တဩ မေးလိုက်တော့သည်။
Mew ရဲ့စကားကိုလစ်လျှူရှုပြီး အရှေ့ကိုတိုးကာ
"အကိုနဲ့ ညီမက အိမ်ကလူကြီးတွေစေ့စပ်ပေးထားတာလေ "
ဟုဆိုကာ Mewရဲ့ရေစိုနေတဲ့ပါးလေးအားလက်ချောင်းများနှင့်ပွတ်သတ်လိုက်ကာ ချွဲချွဲပျစ်ပျစ်နဲ့ ဆိုလိုက်တော့သည်။