Off တစ်ယောက်
ဒီနေ့ကျောင်းစောစောသွားကာ
Gun ရဲ့ထီးတစ်ချောင်းကိုလက်တွင်ကိုင်လျက်။
Gun ရဲ့အလာကိုစောင့်နေလိုက်သည်။"ဂျပုအထင်လွဲနေတာတွေအကုန်ရှင်းပြမယ်။
ပြီးရင်ဂျပုစိတ်ဆိုးပြေအောင်ချော့မယ်။
ဂျပုစိတ်ချမ်းသာအောင်ဘဲထားမယ်။
ဂျပုစိတ်ပြေသွားပြီဆိုမှ propose လုပ်မယ်။"ဟောပြောရင်းဆိုရင်း အကောင်ပေါက်လေးက
သုတ်သုတ်သုတ်သုတ်နဲ့ပြေးလာပါပြီ။ကျွန်တော့်အနားရောက်တော့
ခေါင်းလေးငုံ့ကာမသိချင်ယောင်ဆောင်ပြီး
ပြေးသွားပေမယ့် သူ့လက်နုနုလေးတွေကိုတော့
အမှီဆွဲလိုက်နိုင်ခဲ့တယ်။"ခဏလေး Gun ကို ပြော..."
စကားပင်မဆုံးသေး
"အော် ထီးပေးမလို့လား
ကျေးဇူးဘဲနော်"ဟုဆိုကာ ထီးကိုလုပြီးပြေးထွက်သွားတော့သည်။
"ခဏ....."
သူကျွန်တော့်ကိုအမြဲရှောင်နေတယ်။
မေဂျာရဲ့ပထမနှစ်အဆောင်ရှေ့မှာ
တတိယနှစ်က Moon တစ်ယောက်ကတော့
အသဲတွေ ဟက်တက်ကွဲ လျက်ပေါ့။"သူပြန်လာမယ့်အချိန်ထိ
ဒီနားလေးမှာထိုင်ပြီးစောင့်မယ်။"ကိုယ့်ဖာသာကိုယ်ရေရွတ်လိုက်ပြီး
ထိုင်စောင့်နေလိုက်တော့သည်။Break time ရောက်တော့
ထင်တဲ့အတိုင်း ဂျပုလေးက ထွက်လာပါပြီ။"Gun"
သူနဲ့မျက်နှာချင်းဆိုင်ရပ်ကာ ခေါ်လိုက်တော့
အရယ်အပြုံးမရှိဘဲ ကျွန်တော့်မျက်လုံးများကိုဘဲ
စိုက်ကြည့်နေတော့သည်။"အကို မင်းနဲ့စကားခဏပြောလို့ရမလား"
ကျွန်တော့်စကားလည်းကြားတော့
Gun ကခေါင်းကိုခါလျက်"အဲတာဆို ညီမ ဟိုနားသွားလိုက်ဦးမယ်နော်"
ရှောင်ထွက်သွားသောသူငယ်ချင်းလက်ကို
လှမ်းဆွဲလိုက်ပေမယ့် မမှီလိုက်ပေ။"အကို နဲ့ ခဏလောက်ဘဲစကားပြောပေးလို့ရမလား"
ကျွန်တော်တောင်းဆိုနေပေမယ့်
ကောင်ငယ်လေးကတော့ တုတ်တုတ်မျှမလှုပ်။