မနက်ဖြန် နှစ်ယောက်သားရဲ့
၃နှစ်၉လ နှစ်ပတ်လည်နေ့လေး။
ဒီကောင်လေးမှာလည်းကိုယ့်ကြောင့်
စိတ်ဆင်းရဲပေါင်းလည်းများလှပြီ။သူနဲ့တွေ့ဖို့ ခါတိုင်းလို နောက်မကျမိအောင်
တမင်တကာစောစောစောင့်နေလိုက်မိသည်။ဒီကလေးအတွက် surprise ကလည်း
လုပ်စရာရှိသေးတယ်။အနောက်ကို လည်ပင်းလေးကို နမ်းလိုက်ကာ
"Papi ရောက်နေတာကြာပြီလား"
ဟုဆိုပြီး ဘေးတွင်၀င်ထိုင်လိုက်သည်။
လက်နှစ်ဖက်ကိုပါ ချုပ်ပြီးဖက်ထားလိုက်သေးသည်။"ရွှတ်" ခနဲမြည်အောင် ကျွန်တော့်ပါးကိုနမ်းလိုက်ပြီး
"ချစ်တယ် Papi"
"အင်း ကိုလည်းချစ်တယ်"
ကျွန်တော်ပခုံးလေးပေါ် သူ့ပါးလေးတင်ကာ
ဖက်ထားသောလက်များကိုတော့ မလွှတ်။"ဟင့် Papi မသေရဘူးနော်"
သူ့စကားကြောင့်ကျွန်တော်ပင်လန့်ရပါတယ်။
"ကိုယ်ကဘာလို့သေရမှာလဲကလေးရယ်"
"ဟင့်မသိဘူး Papi မသေရဘူး"
"အင်းပါ ကိုမသေပါဘူး။"
သူ့လက်ကလေးကိုဆွဲလိုက်ကာ
လက်သန်းကြွယ်မှာ လက်စွပ်လေးစွတ်ပေးလိုက်ပြီး"ကိုနဲ့ဘဲနေရမယ်နော် ကလေးက "
ခေါင်းလေးကိုတဆတ်ဆတ်ငြိမ့်ပြရင်းပြုံးပြရှာသည်။
"Papi ရှူတင်မရှိဘူးလား ဒီနေ့"
"အင်း ရှိတယ် တမင်တကာ
နောက်ကျအောင်နေနေတာ"သူ့လက်ကိုဆွဲပြီး ကားဆီလျှောက်လာကာ
"ကလေးလည်း ရှူတင်ကိုလိုက်နော်"
ဟုဆိုကာ ကားပေါ်ဆွဲခေါ်လာမိတော့သည်။
××××××××
"Off နောက်ကျလိုက်တာ ကွာ"
ရိုက်ကွင်းတာ၀န်ခံက လှမ်းအော်တော့
Off က Gun ရဲ့ လက်ကလေးကို
တင်းနေအောင်ဆုပ်ကိုင်ထားပြီး"Anniversary နေ့မို့လို့
အချိန်နည်းနည်းပေးနေရတယ်"ရိုက်ကွင်းကလူတွေအကုန်လုံးက
နှစ်ယောက်လုံးကိုစိုက်ကြည့်ရင်း