"ထတော့ အိပ်ပုတ်ကြီး
တပတ်ကြာတာတောင် မနိုးသေးဘူး"Gulf က တပတ်တိတိသတိမေ့နေတဲ့
Mew ရဲ့လက်ကိုဆုပ်ကိုင်ကာ
စကားပြောနေလေတော့သည်။"ကလေး Toilet ခဏ သွားဦးမယ်နော်"
ဟုဆိုကာ Gulf တစ်ယောက်အခန်းထဲမှ
ထွက်သွားလေတော့သည်။
နေ့တိုင်း နေ့တိုင်း Mew ဆီကိုလာကာ
လူနာစောင့်အဖြစ်လည်း တာ၀န်ယူထားသေးသည်။Mew ရဲ့အလုပ်တွေအတွက်
UK က ညီမဖြစ်သူ Pineare အား
Kao က အသိပေးလိုက်သဖြင့်
မနေ့တနေ့က ထိုင်းပြန်ရောက်နေလေသည်။-----------------------------------
Gulf 💛
P'Mew ပြန်နိုးလာရင် အရင်ကကိစ္စတွေအတွက်
တ၀ ကြီး တောင်းပန်လိုက်မယ်။သူစိတ်ကျေနပ်လောက်အောင်
တောင်းပန်လိုက်မယ် လို့
ကျွန်တော်စဉ်းစားထားပြီးသာ။ကျွန်တော် တံခါးလည်းဖွင့်လိုက်တော့
P'Mew က ထိုင်လျက်လေး ခေါင်းကိုကိုင်နေသည်။"ဟင် ကိုကို.."
P'Mew အနား အလျင်အမြန်လေးတိုးကပ်ကာ
လက်ကလေးအားဆုပ်ကိုင်လိုက်တော့
သူကကျွန်တော့်ကို တအံ့တဩကြည့်နေလေသည်။"ကိုကို ကလေးတောင်းပန်ပါတယ်"
ကျွန်တော့်စကားအဆုံး၌
ကိုကို က ကျွန်တော့်ကိုမထင်မှတ်ထားတဲ့
Reaction တစ်ခုတုံ့ပြန်လိုက်သည်။သူကျွန်တော့်လက်ကို ပုတ်ချလိုက်ပြီး
"မင်းဘယ်သူလဲ"
ကျွန်တော့်ကမ္ဘာကြီး ပြိုကျသွားပါပြီ။
သူကျွန်တော့်ကိုမမှတ်မိဘူးဗျ။မျက်ရည်များကို သူမမြင်အောင်
ခိုးခိုးပြီး သုတ်လိုက်ပြီး"ကျွန်တော် Gulf ပါ ။
အကိုမှတ်မိရဲ့လား ဗျ"ခေါင်းခါလျက်
"မသိဘူးမင်းကို ......
ငါ့ညီမကရော "ညီမဖြစ်သူကိုသာ သူကသတိရနေလေသည်။
"အကို့ ညီမ ခဏနေလာမှာပါ."
"မင်းကရော ငါ့ကိုသိလို့လား .."