"အား ကျွတ်ကျွတ် ကျွတ်"ကိုက်နေတဲ့ခေါင်းကို ကိုင်ရင်း
"ညက သောက်ထားတာများသွားပြီထင်တယ်"
မျက်လုံးကိုမှိတ်ရင်း ညည်းညူနေသော Mew.
မျက်လုံးဖွင့်ကာကြည့်လိုက်မှ
"အော် Kao အခန်းဘဲ"
"မင်းနိုးပြီလား ...."
ဟုကာ တံခါးဖွင်ပြီး Kao က
သံပုရာရည်တစ်ခွက်ကိုင်ကာ၀င်လိုက်သည်။"ညက မင်းအရမ်းမူးနေလို့
ငါ့အခန်းထဲမှာဘဲ ခေါ်ထားလိုက်တာ
အဆင်ပြေရဲ့လား အခုက "ခေါင်းကိုကိုင်လိုက်ပြီး
"ပြေပါတယ်ကွာ...."
"မင်း စိတ်ညစ်စရာတခုခုရှိရင်လည်းပြောလေ
တစ်ယောက်တည်း ကြိတ်ပြီး စိတ်ညစ်မနေနဲ့"သူငယ်ချင်းဖြစ်သူက မေးလိုက်တော့
"အင်း အခုတလော
အဆင်မပြေတာလေးတွေရှိနေလို့
ငါပြန်တော့မယ် ကုမ္ပဏီလည်းသွားရဦးမှာ"ဟုဆိုကာ အပြင်အင်္ကျီကို ကောက်ကိုင်လိုက်ပြီး
ထွက်သွားလေတော့သည်။×××××××××××××××××××××
မီးဖိုချောင်အတွင်း၌
ဟင်းချက်နေသောအမေအား
ဝိုင်းလုပ်ကူပေးနေသော Gun ကို အမေက"သား... သားအန်တီလေးက ကနေဒါမှာ
Coffee bar လေးတစ်ခုဖွင့်ထားတယ်။
သားလည်းအရင်ကပြောဖူးတယ်လေ
Coffee bar လေးဖွင့်ချင်တယ်လို့"အမေ့ရဲ့စကားအသွားအလာ
အနေအထားကိုသိနေပေမယ့်
ဆက်နားထောင်နေလိုက်သည်။"ဟုတ်ကဲ့ အမေ"
"သား အန်တီက တစ်ယောက်တည်းမနိုင်ဘူးတဲ့လေကောင်တာထိုင်ဖို့လူတစ်ယောက်လူတယ်တဲ့။
ကောင်တာထိုင်တာကလည်း သားသိတဲ့အတိုင်းဘဲ
ယုံရတဲ့သူမှရတယ်လေ ""ဟုတ်ကဲ့ အမေ"
"အဲတာ သားမသွားချင်ဘူးလား ကနေဒါကို
သား အန်တီလည်းအဖော်ရတာပေါ့"အမေက Papi နဲ့ ဆက်ပြီး ပက်သက်နေမှာစိုးလို့တမင်တကာ အဝေးကိုတွန်းပို့နေတာ
ကျွန်တော်သိနေပေမယ့်