"ရေစက်"
မမြင်နိုင်တဲ့ စိတ္တဇနာမ်လေးတစ်ခု။
တစ်ခါ ဆုံရင်တိုက်ဆိုင်မှု
နှစ်ခါဆုံရင်ရေစက်
သုံးခါဆုံရင်ဖူးစာတဲ့။ရေစက် ကနေ
အချစ်ခြင်းများပေါက်ဖွားလာဖို့အတွက်
မေတ္တာတရားသည်ပေါင်းကူးတံတားတစ်ခု။
______________________________________Gun 🖤
အမေရာထူးတိုးပြီး ကျောင်းပြောင်းသွားတော့
Gun လည်းအတူကျောင်းပြောင်းလိုက်ရသည်။ကျောင်းသားသစ်လေး Gun အတွက်
အခက်အခဲတွေအများကြီးရှိရင် Pineare ကဘဲ
အစစအရာရာကူညီပေးခဲ့တယ်။အလယ်တန်းကနေအထက်တန်းအထိ
Pineare က Gun ရဲ့အချစ်ဆုံးသူငယ်ချင်း။အခုလည်း တက္ကသိုလ်ရောက်တော့
မေဂျာလည်းတူနေပြန်တော့
နှစ်ယောက်သား က တစ်ပူးပူး တတွဲတွဲ။တက္ကသိုလ်တက်တာ တစ်ပတ်ပြည့်ခဲ့ပေမယ့်
Gun ကတော့ အမြဲတမ်း ကြောင်တောင်တောင်အေးစက်စက်မျက်လုံးများနဲ့ပေါ့။တစ်ခုခုဆို ဘာစကားမှမပြောဘဲ မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေတတ်သည်မှာ ဒီကောင်လေးရဲ့ ပင်ကိုယ်စရိုက်တစ်မျိုး။
မိုးရေထိရင်ဖျားတတ်တဲ့ Gun လေး က
လွယ်အိတ်ထဲ မိုးကားတစ်ထည်နဲ့
လက်ထဲမှာ ပန်းရောင်ထီးလေးကို
အမြဲတမ်းဆောင်ထားတတ်သူ။ဒုတိယပတ် တက္ကသိုလ် တက်သည့်ရက်
လောလောလောလော နဲ့ ထီး ကိုကိုင်ကာ
ပြေးလာခဲ့သည်။မိုးရွာလည်းထီးဆောင်း နေပူလည်းထီးဆောင်း။
_______________________________________
Mew 🖤
ကုမ္ပဏီမသွားခင်
ညီမလေးအားအရင်ကျောင်းပို့ရသည်။အသက် ၂၈ ကျော်နေပြီဖြစ်ပေမယ့်
တက္ကသိုလ်ကျောင်းသားတစ်ယောက်လို
နုပျိုနေဆဲ။အလုပ်ကိစ္စ အခက်အခဲရှိပေမယ့်
အမြဲတမ်းတက်ကြွလန်းဆန်းလျက်။"ကဲရောက်ပြီ"
ကားပေါ်မှညီမဖြစ်သူ Pineare ဖက်သို့
မျက်နှာမူလိုက်ပြီး အပြုံးနဲ့နှုတ်ဆက်လိုက်သည်။