Chapter 26

1.3K 122 5
                                    


"Gulf "

ရှိသမျှအ၀တ်တွေနဲ့ ပစ္စည်းတွေကို
အိတ်ထဲကောက်ထည့်နေတဲ့ Gulf အား
Mew က လှမ်းဆွဲကာ မထည့်ရန်
တားနေသော်လည်းအချီးနှီး။

"ကလေး ကိုပြောနေတာနားထောင်ပါဦး"

မကြားချင်ယောင်ဆောင်ကာ
ပစ္စည်းများကိုဆက်သိမ်းနေလေသည်။

Gulf ရဲ့ ပခုံးကိုလှမ်းဆွဲကာ
ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့

Gulf က Mew ကို အတင်းတွန်းထုတ်ပြီး

"လွှတ် လာမထိနဲ့"  တစ်ခွန်းတည်းဆိုလိုက်သည်။

"ကိုဘာလုပ်လို့ဘဲ ကလေးရာ"

Gulf အနောက်မှာရပ်လျက် မေးနေလေသည်။

"ခင်ဗျား တို့သားအမိက
ကျွန်တော့်ကိုဘာဖြစ်စေချင်လို့
အဲလိုမျိုးလုပ်တာလဲ"

လုပ်လက်စအလုပ်ကိုနားလိုက်ပြီး
မေးလိုက်တော့

Mew က Gulf ရဲ့လက်ကိုလှမ်းဆွဲကာ

"ကိုမသိဘူး ကိုဘာမှမသိပါဘူးကလေးရယ်။
ကို့အမေက မင်းနဲ့ပက်သက်နေမယ်ဆိုတာကို။
အခုမှ ကိုလည်းသိတာပါ ကလေးရယ်"

စကားအဆုံးက Gulf က အိတ်ကိုဆွဲလျက်

"ကျွန်တော်ထွက်သွားတော့မယ်။"

အောက်ထပ်ဆင်းသွားတော့
Mew က Gulf အနောက်က
တကောက်ကောက်လိုက်ပြီး

"ကိုပြောတာနားထောင်ပါဦး Gulf"

လက်ကိုလှမ်းဆွဲကာ ပြောနေပေမယ့်
မိထွေးကို မုန်းနေတဲ့ Gulf ကတော့
အသားချင်းတောင် အထိမခံနိုင်။

အိမ်အောက်ရောက်တော့
Gulf က ဖုန်းဆက်ခေါ်ထားသဖြင့်
No က ကားနဲ့အောက်တွင်အသင့်စောင့်နေတော့သည်။

Mew ကတော့ ပါးစပ်အဟောင်းသားဖြင့်
ဘာပြောလို့ပြောရမှန်းမသိ။

"P'Mew ခွင့်ပြုပါဦး"

ဟုဆိုကာ No က Mew ကို
လက်အုပ်ချီလျက် နှုတ်ဆက်စကားဆိုသည်။

××××××××××××××××

"Gulf မင်းလုပ်လိုက်တာ
မှန်တယ်များထင်နေတာလား"

ငယ်ပေါင်းကြီး Gulf ကို
No က မပြောနိုင်လို့သာ
သူလာခေါ်ခိုင်းသလို လာခေါ်ရခြင်းဖြစ်သည်။

Fall In Love With You ( U+Z )Waar verhalen tot leven komen. Ontdek het nu