Chapter 9

1.5K 161 1
                                    

"တစ်ခုခုတိုက်ဆိုင်မှုရှိရင်
ဘယ်ဖက်ခြမ်းကခုန်ခုန်လာတယ်။
မတွေ့ရရင် မျှော်နေမိတယ်။"

____________________________________
Gulf 💛

အရင်နေ့တွေကလိုဘဲ အဆောင်ရှေ့ကခုံတန်းလေးမှာ
ဟိုလူကြီးလာမယ်အထင်နဲ့ ထိုင်စောင့်နေမိသည်။

ခါတိုင်းဆို ပထမဆုံးအတန်းချိန်မစခင်
မိနစ်၃၀လောက်ကတည်းက
ကြိုရောက်နေတတ်ပေမယ့်
ဒီနေ့ရောက်မလာသော Mew

"ဟိုလူကြီး ဘာလို့မလာသေးတာလဲ"

ဒေါသအလိုလိုထွက်လာကာ
စိတ်မရှည်ဖြစ်နေသော Gulf တစ်ယောက်။

"ငါကဘာလို့စောင့်နေမိတာပါလိမ့်"

ခုံတန်းပေါ်ဘယ်လက်တင်လိုက်ကာ
ညာလက်၌စာအုပ်လေးကိုခေါက်လျက်ကိုင်ထားသည်။

"မလာလည်းနေပေါ့ စိတ်ပျက်စရာကြီး"

နှာခေါင်းရှုံ့လိုက်ကာ Mew ကိုစိတ်ဆိုးနေတော့သည်။

"ဟေး Gulf ဘာလုပ်နေတာလဲ"

No ရဲ့အဝေးကလှမ်းမေးစကားကြောင့်
မျက်စောင်းတစ်ချက်ထိုးလိုက်ကာ
မဖြေဘဲမသိချင်ယောင်ဆောင်နေလိုက်သည်။

စိတ်ဆိုးနေသော Gulf ရဲ့အမူအယာကြောင့်
No တစ်ယောက်ရယ်လိုက်တော့

"ဘာရယ်တာလဲ သေချင်လို့လား"

"မဟုတ်ပါဘူးကွာ"

ဟုဆိုပြီး ပါးစပ်ကိုလက်နှင့်ပိတ်ကာ
Gulf ပခုံးကိုကိုင်ပြီး

"လာလာ အတန်းသွားတက်မယ်"

ဟုဆိုကာ အတန်းထဲသို့ဆွဲလာလိုက်တော့သည်။

Gulf တစ်ယောက်ကတော့
တစ်ခုခုကိုအလိုမကျသလိုဖြစ်နေပြီး
အကုန်လုံးကိုဘုကလန့်လုပ်နေလိုက်တော့သည်။

Mew 💛

Coffee ဆိုင်တစ်ဆိုင် အတွင်း၌
လူငယ်တစ်ဦးနဲ့အရွယ်တင်လှသောအမျိုးသမီးတစ်ဦး
စကားထိုင်ပြောနေကြသည်။

ထိုလူငယ်ကတော့အမျိုးသမီးရဲ့မျက်နှာကို
နည်းနည်းလေးမှမကြည့်ပေ။

"သား စီးပွားရေးတွေဘာတွေအဆင်ပြေရဲ့လား"

အမေဖြစ်သူရဲ့အမေးစကားကြောင့်
Mew တစ်ယောက်အသက်မပါဘဲပြုံးလိုက်ကာ

Fall In Love With You ( U+Z )Where stories live. Discover now