နင်ငါ့ကိုပေါ့ပေါ့ပျက်ပျက်စိမ်းစိမ်းကာက
ရက်ရက်စက်စက်အသည်းကိုခွဲပြန်လာခဲ့
မျှော်နေတယ် စောင့်နေကျလမ်းလေးတစ်ချို့က
ဖုန်တွေတက် အဆင်ပြေပါတယ်တခြားသူတွေ့ရင်
မင်းရဲ့အနောက်ကပြုံးပြုံးလေးလာနှုတ်ဆက် မင်းသားလောက်တော့အရေးမပါလည်း
အရံခန်းလေးထဲကခဏပါတဲ့အတွက်
ကျေနပ်ပါတယ်။ 💔🎶🎶______________________________________
လက်ထဲပူနေတဲ့ခွက်နှစ်ခွက်ကိုကိုင်ကာ
ရုံးခန်းထဲ၀င်လာတော့ လက်ပူတာထက်ပိုပူတဲ့
ရင်ပူစရာမြင်ကွင်းလေးတစ်ခု။ခုနကငိုထားလို့မျက်ရည်ကုန်ပြီထင်နေခဲ့တာ။
အခု မျက်ရည်ကထပ်ကျမလို့ ဟန်ပြင်နေပြန်ပြီ။P'Mew ဘေးမှာ ခုံပိုလေးတစ်လုံးဖြင့်
ကျွန်တော့်ထက်အများကြီးသာတဲ့ အမျိုးသမီးလေးက
တီတီတာတာချစ်စဖွယ်စကားလုံးတို့ဆိုကာ
P'Mew ကို ပြုံးပျော်စေနိုင်သည်။ကျွန်တော်နဲ့ဆိုစိတ်ဆင်းရဲရုံကလွဲပြီး
ကျန်တာ ဘာမှ ရမှာမဟုတ်ဘူးလေ။"MD Coffee ရပါပြီ"
ကျွန်တော် Coffee ခွက်လေးချပေးလိုက်တော့
P'Mew အတွက်ဖျော်ထားတဲ့အခွက်ကို July က
ယူကာ သောက်ရန်ပြင်လိုက်တော့"အဲတာ MD အတွက်ပါ ဒါက အမ အတွက်"
ကျွန်တော်ကမ်းပေးလိုက်တော့
"ဘာလဲ မသောက်ရဘူးလား "
ဟုဆိုကာ သောက်ချလိုက်လေသည်။
P'Mew က coffee ဆိုရင် black coffee
ခါးနေမှသောက်တတ်တာမို့
ခါးခါးလေးဖျော်ပေးမိတဲ့ကျွန်တော်။"အား ခါးလိုက်တာ ဘယ်လိုဖျော်လာတာလဲ။
P'Mew သောက်ကြည့်ပါဦး ခါးလိုက်တာ"ဟုဆိုကာ ကျွန်တော်ချစ်ရတဲ့သူလက်ထဲ
Coffee ခွက်ကိုအတင်းထိုးအပ်နေလေသည်။"မင်းဘာလို့ခါးအောင်ဖျော်တာလဲ
July ဘယ်လိုသောက်မလဲ အဲလိုဖျော်တာ"တခါဆိုတစ်ခါမှ အကို့ရဲ့ ဆူငေါက်တာကို
မခံဖူးတဲ့ ကျွန်တော်ပါ။ အကို့ရဲ့အလိုလိုက်ခံရတာက
ကျွန်တော်ပါ။ ဖူးဖူးမှုတ်ခံရတဲ့ ဒီကကောင်လေး
အခု သူစိမ်းတစ်ယောက်ကြောင့် အဆူခံနေရပါပြီး။