လက်ကမ်းကြိုပါတယ်ဖြတ်သန်းလိုပါတယ်
ပျားရည်စမ်းတဲ့ လမ်းကလည်းအရမ်းချိုပါတယ်
မင်းငါ့ရဲ့အနားမှာရှိနေရင်တော့သိပ်ပျော်တာဘဲ
ငါ့ရဲ့နယ်နိမိတ်ထဲ မင်းကိုဖိတ်ခေါ်ပါတယ် 🎵"Mew ❤️
ကားပေါ်ရောက်တဲ့အထိ ကျွန်တော့်ဘေးက
ဘဲပေါက်လေးကတော့ ပန်းခြံထဲကအကြောင်း
ပြောလို့မပြီးတော့ပါဘူး။သူသိပ်သဘောကျနေရှာတာ။
အလုပ်ကိစ္စတွေ family case တွေကြောင့်
စိတ်ဆင်းရဲနေရလို့ သူမျက်နှာလေးနဲ့
အမောဖြေလိုက်မိတာ သိပ်မှန်တဲ့ရွေးချယ်မှုဘဲ။နောက်ပိုင်းလည်း ဒီအကောင်ပေါက်လေးကို
စိတ်ချမ်းသာအောင်ထားနိုင်ဖို့ ဒီလူကြိုးစားပါ့မယ်။ကျွန်တော်လည်းကျွန်တော့်အတွေးဖြင့်
စိတ်ကူးယဉ်ကာပြုံးနေတုန်း
ကျွန်တော့်ဘေးကကောင်လေး က"အိမ်ပြန်ပို့နေတာလား"
မပြန်ချင်သေးတဲ့လေသံနဲ့မေးလိုက်သည်။
"အင်းလေ "
"ဘာမှလည်းမကျွေးဘူး"
ဟောဗျာ စားမယ်ဆိုတာကြီးဘဲ။
အဲတာကြောင့် ဗိုက်ကပူနေတာ။"ဘာစားချင်လဲ "
လမ်းကိုကြည့်ကာမေးလိုက်တော့
"P'Mew က ကျွန်တော့်ကိုလည်းမကြည့်ဘူး"
အခုတော့ သူစိတ်ဆိုးပြီးပေါ့။
ဘယ်တော့မှပြောမလဲဆိုပြီး
တမင်တကာမကြည့်ဘဲနေနေခဲ့တာ
အခုမှဘဲပြောတော့တယ်။"ဟင် အကြည့်ခံချင်နေတာလား"
"နဲနဲပါးပါးတော့ကြည့်သင့်တယ်လေ"
မျက်စောင်းကထိုးပြန်ပြီဒီကောင်လေး။
"အင်းပါ တောင်းပန်ပါတယ် နော်"
တောင်းပန်လိုက်မှ မျက်နှာက
ပြုံးသွားပြီး မျက်လုံးမပေါ်အောင်
ရယ်ပြနေတော့သည်။"ဟင် ဒီကလေးမှာမျက်လုံးလည်းမရှိဘူး"
"ရှိတယ်လေ ဒီမှာ"
သူ့မျက်လုံးကိုလက်ညှိုးနဲ့ထိုးပြကာ
ကျွန်တော့်မျက်နှာအနားသို့ကပ်ပြီး
လာပြလိုက်တော့ နီးတာနဲ့ရင်ခုန်မိတဲ့ကျွန်တော်
နေစရာနေရာပင်မရှိတော့ပေ။