Chapter 31

1.2K 121 3
                                    

"မင်းငါ့နောက်လိုက်ပါလား "

Gulf က Off အား Mew အိမ်သို့သွားရန်
အဖော်ခေါ်နေခြင်းဖြစ်သည်။

အိပ်ရာထဲမှ မထ နိုင်ဘဲ ‌‌မျက်လုံးကိုမှိတ်လျက်

"ငါမလိုက်နိုင်တော့ဘူး Gulf
ငါခေါင်းနဲနဲကိုက်နေလို့"

Off က ပြန်ဖြေလေသည်။

"အင်း အဲဆိုငါသွားပြီနော်
မင်းဆေးသောက်ဖို့မမေ့နဲ့ဦး"

"အင်း"

-------------------------
Gulf တစ်ယောက် Mew ရဲ့ခြံရှေ့ရောက်တော့
ခြံစောင့်က အပြေးအလွှားဖြင့်တံခါးလာဖွင့်လေသည်။

"P'Mew ရှိလား "

Gulf အမေးကို ခြံစောင့်ကမဖြေဘဲ
အံ့အားသင့်စွာကြည့်လျက်

"P'Mew ညက ကား accident ဖြစ်တယ်။
အဲတာ Gulf မသိဘူးလား"

အခုချိန်မှာတော့ တုန်လှုပ်နေသူက Gulf ပါ။
မျက်ရည်တို့က ချက်ချင်းဝဲတက်လာပြီး

"ဟင် ဘယ်ဆေးရုံမှာလဲ..."

"-----------အဲဆေးရုံမှာပါ"

( မရေးတော့ဘူးနော်/ထိုင်းကဆေးရုံဆိုတော့ )

ကားကိုအသဲအသန်မောင်းကာ
ဆေးရုံထဲအတင်းပြေး၀င်လာတဲ့ Gulf.

စုံစမ်းရန် ဆိုတဲ့ ဆိုင်ဘုတ်လေးတွေ့တော့

"ညက ကား accident ဖြစ်တဲ့ Mew
ဆိုတဲ့လူနာ အခန်းသိချင်လို့ပါ"

အလောတကြီးမေးနေလေသည်။

########

Special patient အခန်းထဲ
တံခါးကိုအတင်းတွန်းဖွင့်ကာ၀င်လိုက်သည်။

ချစ်ရသူကတော့ လှဲလျောင်းလျက်။
အပြစ်မရှိတဲ့ ဖြူစင်လွန်တဲ့
ကျွန်တော့်လူကြီးက ပြုံးလျက်လေး။

"ကိုကို..."

တိုးတိုးလေးရေရွတ်မှုရဲ့အဆုံးမှာတော့
မျက်ရည်တို့က အလိုက်သင့်လေး ပါလာလေသည်။

"ကိုကို...."

ထပ်ခေါ်နေသော်လည်း မထူးနိုင်ချေ။

သူ့ကုတင်လေးနံဘေး အပြေးအလွှားလေးသွားကာ
လက်ကလေးကိုဆုပ်ကိုင်‌လိုက်တော့
ပြန်မဆုပ်ကိုင်ဘဲငြိမ်နေတဲ့ လူကြီး။

Fall In Love With You ( U+Z )Hikayelerin yaşadığı yer. Şimdi keşfedin