"မင်းအလျှော့ပေးတတ်မှန်းသိလို့ဆိုးတာ။
မင်းမို့လို့ဆိုးတာ။မင်းအပေါ်မှာဘဲဆိုးချင်တာ။""မင်းမို့လို့အလျှော့ပေးနေတာ
မင်းတစ်ယောက်တည်းကိုဘဲအလျှော့ပေးတာ။
မင်းအပေါ်မှာဘဲကောင်းပေးတာ။"အချစ်တစ်ခုတွင်မျဉ်းပြိုင်နှစ်ခုကတော့ရှိစမြဲ။
____________________________________
Mew ❤️ခါတိုင်းလိုဘဲညီမလေးကိုကျောင်းပို့ပြီးရင်
စီးပွားရေးမေဂျာဖက်ကပတ်ပြန်ခဲ့သော
Mew တစ်ယောက်။Gulf ကထိုင်နေကျခုံတန်းလေးမှာမထိုင်ဘဲ
ခုံတန်းအရှေ့ လမ်းနဲ့အနီးဆုံးမှာ
တစ်ယောက်ယောက်ကိုစောင့်နေသည့်ပုံစံနှင့်
ဟိုကြည့်ဒီကြည့်နဲ့မတ်တပ်ရပ်လျက်။ဖြည်းဖြည်းသာမောင်းနှင်လာသည့်ကားကို
စွာတေးလန်အရှေ့၌ရပ်ကာ"ကိုယ့်ကိုစောင့်နေတာလား"
Mew ကမေးလိုက်တော့ပြုံးလျက်
"အင်း"
Gulf အဖြေကိုကြားတော့
Mew တစ်ယောက်ကိုယ့်နားကိုပင်မယုံနိုင်။"ထူးထူးဆန်းဆန်း "
"အင်း ဟုတ်တယ်
ကားတံခါးဖွင့်ပေးဦး
တစ်ခုခုလိုက်ကျွေး"အကောင်ပေါက်လေးက ကိုယ့်ချစ်သူကို
အနိုင်ယူနေသလို ပုံစံမျိုးနှင့်ပြောလိုက်သည်။ချက်ချင်းဆိုသလို Mew တစ်ယောက်
ကားတံခါးဖွင့်ပေးလိုက်သည်။"တက် ဘဲပေါက်"
ကောင်လေးကားပေါ်ရောက်တော့
Mew တစ်ယောက်မှိုရထားသောမျက်နှာဖြင့်
ပြုံးကာဖြီးကာဖြင့် Gulf ကိုခိုးခိုးကြည့်နေတော့သည်။"ဘာဖြစ်တာလဲ
မုန့်ကျွေးမလားမကျွေးဘူးလား"မျက်မှောင်ကျုပ်ကာစိတ်မရှည်ဟန်ဖြင့်
မေးလိုက်မှ"ဟုတ်ပါပြီ ဘယ်မောင်းရမှာလဲ"
"မောင်းချင်တဲ့နေရာမောင်း"
Gulf က Mew ကိုမကြည့်ဘဲ
တံခါးအပြင်ကြည့်ကာ မသိသလိုမျိုးလေး
အပြစ်ကင်းဟန်ဆောင်နေတဲ့ကလေးလို
မျက်လုံးလေးကလယ်ကလယ်လုပ်နေလိုက်တော့
Mew တစ်ယောက်အသဲတွေယားကာ
ထိန်းမနိုင်သိမ်းမရတွေဖြစ်နေတော့သည်။