First year ကတည်းက
ကျောင်းကအဆောင်မှာ
တစ်ခန်းတည်းနေလာခဲ့တဲ့ Off နဲ့ Gulf.ကျောင်းပြီးတော့လည်း
အတူတူဘဲဆက်နေခဲ့ကြသည်။Off 💛
"Gulf "
ကုတင်ပေါ်တွင်လှဲနေတဲ့ Off က
ဂိမ်းဆော့နေတဲ့ Gulf အားလှမ်းခေါ်လိုက်သည်။"ဘာလဲ"
ဟုလေသံမာမာဖြင့်ထူးလိုက်သည်။
"မင်း ဘာလို့ကျောင်းပြီးတာတောင်
အိမ်မပြန်ဘဲ ငါနဲ့အတူတူနေနေတာလဲ"Off ရဲ့ အမေးကိုမဖြေအား ဂိမ်းဆော့လျက်။
"အာ့ ချီး ဘဲ ရှုံးသွားပြီ"
တစ်ချက်အော်လိုက်ကာ ဖုန်းကိုပိတ်လိုက်သည်။
Off ကတော့ ဘယ်လက်ပေါ်တွင်ခေါင်းအုံးလျက်
မျက်နှာကျက်ကိုမျက်နှာမူကာအိပ်နေသည်။Gulf တစ်ယောက်ကတော့
ရင်ခွင်ထဲ ခေါင်းအုံးကိုဖက်လျက်
Off ကုတင်ဖက်သို့မျက်နှာမူကာ
ကုတင်ပေါ်တွင်ထိုင်နေသည်။"ပြော ရရင်တော့အရှည်ကြီးဘဲကွ။
ငါနဲ့ ငါ့အဖေက သိပ်အဆင်ပြေတာမဟုတ်ဘူး။
အဲတာကြောင့်ငါက အိမ်မပြန်တာ
မင်းရော မိသားစုနဲ့ အဆင်မပြေလို့လား"Gulf ရဲ့အမေးကို Off ကရယ်လျက်
"ငါ့မှာမိသားစုတွေမရှိတော့ဘူး Gulf
ငါအထက်တန်းကတည်းက အဖေရောအမေရော
ကားaccidentကြောင့်ဆုံးသွားတယ်"ဟုဖြေလိုက်သည်။
"Sorry ဘဲကွာ ငါမသိလို့ "
"ရပါတယ် "
"ငါ့မှာလည်း အမေမရှိတော့ဘူး။
အဖေ က နောက်အိမ်ထောင်ပြုလိုက်တော့
အဖေ့မိန်းမကိုကြည့်မရတာနဲ့
ငါလည်းအိမ်ပေါ်ကဆင်းလာတာ
ကျောင်းတက်ကတည်းက
မပြန်တော့တာအခုထဲဘဲ။"Gulf က သူ့အကြောင်းကိုပြောပြနေတော့
"မင်ကမှအဖေရှိသေးတယ်။ငါကမိဘမဲ့
တစ်ခါတလေ အမေ့ရင်ခွင်ထဲတိုး၀င်ပြီး
ငိုပစ်လိုက်ချင်တယ်။အဖေ့ကိုလည်းလိုချင်တာတွေ
ပူဆာပစ်လိုက်ချင်တယ်"ကျွန်တော့်စကားလည်းဆုံးတော့
Gulf က ကျွန်တော့်ကုတင်ပေါ်သို့ကူးလာကာ
ကျွန်တော့်ဘေး၌၀င်လှဲလိုက်သည်။