"သုံးပွင့်ဆိုင်"
သုံးပွင့်ဆိုင် တဲ့ အခေါ်အဝေါ်လေးက။
ပန်းနဲ့တောင်တင်စားလိုက်သေးတယ်။အဓိပ္ပာယ်ကတော့ချိုမြမှုမရှိ။
အချစ်မခံရဖို့ကံပါလာတဲ့သူက
နောက်ဆုတ်ပေးကြေး။အချစ်ခံရတဲ့သူကတော့
သုံးပွင့်ဆိုင်မှာ ဂုဏ်ယူရတဲ့သူပေါ့။_______________________________________
"ခွေးကောင် Off "
Gulf ရဲ့နူးညံ့သိမ်မွေ့စွာခေါ်လိုက်သောအသံကြောင့်
"ချီးဘဲ ဘာလဲ"
"ဒီနေ့ မင်းနဲ့ငါ ဘတ်၅၀၀၀နော်"
သတိပေးသလိုလို အနိုင်ယူတော့မယ့်သူလိုလို
ပြောလိုက်တဲ့ Gulf စကားကြောင့်"အေးဆေးဘဲ မင်း၅ထောင်ရှာထားလိုက်တော့"
အင်္ကျီလက်အားခေါက်ကာ
မျက်ခုံးပင့်ပြလိုက်သော Off ကြောင့်
Gulf တစ်ယောက်လျှာထုတ်ပြကာ
မခံချင်အောင်စလိုက်သည်။___________________________________
Off 💛
အနုပညာ မေဂျာရဲ့ ပထမနှစ်အဆောင်ရှေ့မှာရပ်လျက်
ဉာဏ်နီဉာဏ်နက်များထုတ်နေသူမှာ Off."ဘယ်သူ့ကိုသွားမေးရမလဲ
သူ့မှာရည်းစားရှိမရှိ။
ကာယကံရှင်ကိုပေါ်တင်ကြီးသွားမေးရင်လည်း
ပါးကအရိုက်ချရဦးမယ်"ပွစိပွစိရေရွတ်ကာ ပါးနှစ်ဖက်အား
လက်နှင့်ပွတ်သတ်လိုက်သည်။ရုတ်တရက်မြင်လိုက်ရသော မြင်ကွင်းကြောင့်
Off ရဲ့မျှော်လင့်ချက်များအလင်းရောင်ပင်
ထွက်လာတော့သည်။Off ရဲ့မြင်ကွင်းတွင်
သုတ်သုတ်သုတ်သုတ်နဲ့
ခုန်ဆွခုန်ဆွပြေးလာသော
ကောင်လေးတစ်ယောက်။လွယ်အိတ်တစ်လုံးလွယ်ကာ
အရှေ့ချထားသောဆံပင်များ
လေထဲဝဲသွားအောင်ထိခါယမ်းကာ
ပြေးလာနေတဲ့ကောင်ငယ်လေး။လက်၌ထီးကိုချိတ်လျက်မြင်မကောင်းအောင်
ဗရုတ်သုတ်ခနိုင်နေပေမယ့် ချစ်စဖွယ်အမူအရာတို့နဲ့
ပျာရည်ဆမ်းထားသောအသံတို့က
သာယာနာပျော်ဖွယ်ရှိလှသည်။