Off 💛
"ဟိုး...မှာ ထိန်ထိန်ကြီးလင်းနေတာက Gun လေ"
Gun က ကောင်းကင်ကြီးကိုလက်ညှိုးထိုးကာ
လမင်းကြီးကို ညွှန်ပြနေလေသည်။"ဟင်အဲဆို ကိုကရော"
Off က မကျေမနပ်နဲ့ မေးနေတော့
"Papi က မရှိဘူး ....."
"ဟာ ကလေး ဒါတော့လွန်တယ်ကွာ
ကလေးကျတော့ လမင်းကြီးတဲ့
ကိုကကျတော့ မရှိဘူးတဲ့ "ကမ်းခြေရဲ့သဲပြင်အပေါ်မှာ
နှစ်ယောက်အတူလှဲရင်းကနေ
Off က ထထိုင်လိုက်ပြီး
စိတ်ဆိုးနေလေသည်။Gun ကတော့ တခစ်ခစ်ရယ်လို့။
"မရဘူး မရယ်နဲ့..."
"Papi က ကလေးအတိုင်းဘဲ။
Gun က လ ဆိုရင် Papi ကနေပေါ့
Papi ကြောင့်သာ Gun ဆိုတဲ့
လမင်းကြီးကရှိနေတာပေါ့"Gun ရဲ့အဖြေကိုကြားတော့
Off က ပြုံးစိစိနဲ့ လှဲနေတဲ့
Gun ရဲ့မျက်နှာကို
စိုက်ကြည့်နေလေတော့သည်။"မကြည့်နဲ့ ...မနေတတ်ဘူး"
Gun က မျက်စောင်းထိုးကာပြောလိုက်တော့
"ပျွတ်...အွန့် Papi."
Off က ရုတ်တရက်ကြီး ကုန်းနမ်းလိုက်သည်။
"ဘာလို့နမ်းတာလဲ ခွင့်လည်းမတောင်းဘူး"
"ကို့ကလေးကို ကိုနမ်းတာလေ မရဘူးလား "
ဘာမှမဖြေဘဲGun က ရယ်နေလေတော့သည်။
အတွေးတို့က အတိတ်ဆီ လွင့် စင်လျက်။
ကောင်းကင်ပြင်ကြီးအားမော့ကြည့်ကာ
"ကို့ကလေးလေးလည်း ကောင်းကင်ကြီးကိုကြည့်ပြီးလမင်းကြီးနဲ့ စကားပြောနေမလား"
Off တစ်ယောက် တိုးတိုးလေး
ရေရွတ်လိုက်တော့သည်။×××××××××××××××××××××××××××
Mew💛
"တော်တော့ Mew
မင်းသောက်နေတာများနေပြီ"Kao ရဲ့ bar အတွင်းမှာ
ထောင့်ကျတဲ့စားပွဲဝိုင်းလေး၌
သူငယ်ချင်းနှစ်ယောက်သားထိုင်ပြီး
မနားတမ်းသောက်နေတဲ့ သူငယ်ချင်းအား
ကျန်တစ်ယောက်က အတင်းတွေတားနေလေသည်။