Chapter 23

1.3K 130 0
                                    

"ဘယ်ကိုမောင်းနေတာလဲ"

Gun ရဲ့အမေးကို Off ကမဖြေ။

"ဘယ်ကိုသွားနေတာလဲဆို"

အော်ဟစ်ကာလေသံမာမာဖြင့်မေးလိုက်မှ

"အကို့အိမ်"

Gun ကိ‌ုတော့မကြည့်
ကားသာမောင်းလျက်။

"ကျွန်တော် မလိုက်ချင်ဘူး။
အခုရပ်ပေး ကျွန်တော်ပြန်ချင်တယ်။"

Off က မသိချင်ယောင်ဆောင်လျက်။

"ရပ်ပေးပါတောင်းပန်ပါတယ်။"

"အကို့ကိုချစ်သေးရဲ့လား"

ချက်ချင်းပင် တုံ့ဆိုင်းမနေဘဲ

"မချစ်ဘူး မချစ်တော့ဘူး
မချစ်ဘူးပြောနေတာဘယ်နှစ်ခါရှိပြီလဲ"

မျက်ရည်များကျလျက် ငိုယိုကာပြောသည်။

Off က တော့ အံကိုကြိတ်လျက်
စကားတစ်ခွန်းမှပြန်မပြောခဲ့။

ခြံ၀င်းအကျယ်ကြီးတစ်ခုရဲ့အရှေ့ကိုရောက်တော့
ခြံစောင့်ကတံခါးကိုအပြေးအလွှားဖွင့်ပေးသည်။

ကားကိုမောင်းလျက် ခြံ၀င်အတွင်း၀င်လာခဲ့သည်။
ကားရပ်တဲ့နေရာ နဲ့ ခြံ၀င်က အတော်လေးလှမ်းသည်။

"ဒါကို့အိမ်ဘဲ ဘယ်သူမှမရှိဘူး
ခြံစောင့်ဦးလေးတစ်ယောက်ဘဲရှိတာ"

Off က ကားပေါ်ကဆင်းပြီး
Gun ကို ပြောပြနေသည်။

Gun ကတော့ကားပေါ်တွင်ထိုင်လျက်။

"ကလေးဆင်းလာလေ"

ကားတံခါးဖွင့်ကာ လှမ်းခေါ်တော့

"ဟင့်အင်း မဆင်းချင်ဘူး
အိမ်ပြန်ပို့ပေး "

Off ကိုမျက်စောင်းလေးနဲ့ပင်တစ်ချက်မကြည့်။
ပြန်ရင်အတင်းတောင်းဆိုနေတော့သည်။

"ဟင့်အင်း ကိုနဲ့စကားပြောပြီးမှပြန်"

"မပြောချင်ဘူး ပြောစရာလည်းကုန်နေပြီ
အိမ်ပြန်ချင်တယ် အမေစိတ်ပူနေလိမ့်မယ်။
ကျွန်တော့်ကိုပြန်ပို့ပေးပါ P"Off"

"Papi လို့ဘဲခေါ်ပါ လား Gun"

ကားအနားသို့လျှောက်လာပြီး
ပွင့်နေသော ကားတံခါး ကိုကျော်၍
Gun ရဲ့ခေါင်းလေးကိုပုတ်ကာ
တောင်းဆိုလိုက်သည်။

Fall In Love With You ( U+Z )Where stories live. Discover now