Chapter 29

1.3K 122 0
                                    


"ကလေး ခဏနေပါဦး"

ညာဖက်လက်က ဓားရှထားတော့
သူ့ရဲ့ဘယ်ဖက်လက်ကိုကိုင်ကာ ခေါ်လိုက်မိသည်။

"အင်း" ခေါင်းလေးငြိမ့်ပြီး
ရိုးရိုးရှင်းရှင်းလေးထူးရှာသည်။

Off က Gun တစ်ကိုယ်လုံးကိုသိမ်ယူကာ
ရင်ခွင်အကျယ်ကြီးထဲ ထွေးပွေ့လိုက်သည်။

Gun က အတင်းတွန်းထုတ်နေပေမယ့်
လုံး၀ မလွှတ်ပေး။တင်းတင်းကြပ်ကြပ်
ဖက်ထားလိုက်တော့သည်။

"ကလေး စိတ်ညစ်နေရင် ကို့ကိုပြောပါ။
ကိုဘေးမှာအမြရှိတယ်။ ကို့ကြောင့်
ကလေးစိတ်ထိခိုက်ရင် ကို့ကိုပစ်မထားပါနဲ့။
ရှောင်မပြေးပါနဲ့။ ကို့ကိုအပြစ်တွေတင်ပြီး
ဆူပစ်ပါ။ ကလေးပြောချင်သလိုပြော။
ကလေး နာခိုမယ့်ကို့ရင်ခွင်ကြီးကို
ဟောဒီ ကလေးရဲ့နူးညံ့တဲ့လက်တစုံနဲ့
စိတ်ရှိလက်ရှိထုလိုက်ပါ"

Off ရဲ့စကားဆုံးတော့

"အီး ...ဟီး.."

Gun တစ်ယောက်ကတော့ငိုနေရှာတော့တယ်။

"ဘာလို့ငိုတာလဲ ကလေး။
ကို့ကလေးလေးငိုရင် ကိုကဘယ်လိုနေရမလဲ။"

"ဟင့်အင်း Papi ကိုစိတ်ဆိုးတယ်။"

အရပ်ကပုနေတော့ Gun က မေး က
Off ပခုံးပေါ်ကိုမရောက်။
ရင်ဖတ်ကိုသာ မျက်နှာအပ်လျက်။

"ဘာလို့ ဆိုးတာလဲ ကလေးက
ပြောပါဦး"

နှစ်ယောက်သား ဖက်ရင်း

"Gun က ရှောင်နေတာတောင်
Papi က Gun အနားမှာအမြဲရှိနေတယ်။
Papi လူဆိုးကြီး ...အီး...ဟီး"

Gun ကတော့ ပြောရင်းငိုနေရှာတော့သည်။

"ချစ်တာကို....
လမ်းခွဲဖို့ တွဲခဲ့တာမဟုတ်ဘူးကလေးကို
ကိုကဘယ်လိုစိတ်မျိုးနဲ့ လက်လွှတ်ခံရမလဲ
ဒီ ဂျပု ပေါက်စလေးကို"

Off က Gun ရဲ့ခေါင်းလေးကိုပုတ်ကာ
ချော့ပြီးပြောလိုက်လေသည်။

"အမေက papi နဲ့သဘောမတူဘူး။
ကလေးကိုယောက်ျားလေးနဲ့မတွဲစေချင်တာ။
အဲတာကလေးဘယ်လိုလုပ်ရမလဲဟင်"

ငိုသံလေးဖြင့်မေးနေလေတော့ Off တစ်ယောက်စိတ်‌မကောင်းဖြစ်ရပြန်သည်။

Fall In Love With You ( U+Z )Donde viven las historias. Descúbrelo ahora