Chapter 15

1.5K 152 6
                                    

Off 💛

အချိန်က ည8နာရီလောက်ရှိပြီ။
Gulf တစ်ယောက်ကတော့ ပြန်မရောက်သေး။
Gun နဲ့ပက်သက်ပြီး ကျွန်တော့်စိတ်ထဲမှာ
အရမ်းကိုရှုတ်ရှက်ခက်နေတယ်။

"သူဘာလို့ အမြဲရှောင်နေတာလဲ"

ကျွန်တော်ဘာမှမလုပ်ထားဘဲနဲ့များ
သူဘာလို့ အဲလောက်ကြီး
ပစ်ပစ်ခါခါဖြစ်နေမှန်းမသိဘူး။

သူနဲ့ပက်သက်သမျှပြန်တွေးနေမိသည်။

"ဟင် ငါ Pineare ကိုကြိုက်တယ်ပြောပြီး
သူ့မှာရည်းစားရှိမရှိ Gun ကိုမေးဖူးတာဘဲ"

"ချီးဘဲ အဲတာကြောင့်သူရှောင်နေတာဘဲ"

"ရှောင်စရာလိုလို့လား
သူကငါ့ကိုကြိုက်နေတာမှမဟုတ်ဘဲ"

ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး။
အဓိက က သူစိတ်မဆိုးဘဲ ရှောင်မပြေးဖို့ပါဘဲ။

သူ့သူငယ်ချင်းဆီကို ချက်ချင်းဖုန်းဆက်နေမိသည်။

"ဟယ်လို ညီမ။
ညီမ စိတ်မဆိုးဘူးဆိုရင်
တစ်ခုလောက်ပြောပြချင်လို့ပါ"

"ဟုတ်ကဲ့ပြောပါ P'Off"

"အကိုနဲ့ အကို့အခန်းဖော် Gulf က
####$&#---------------------"

First year ကတည်းကလုပ်လာတဲ့
ဟော့ပေါ့ နဲ့ ဆူရှီ ချဲလန့်ကိုအကုန်ပြောပြလိုက်တော့

"ညီမစိတ်မဆိုးပါဘူး Gun ကို
သေသေချာချာလေး အကိုရှင်းပြလိုက်ပါ။
အကိုပြောတာကိုသူလက်မခံရင်ညီမကူပြောပေးမယ်"

"အင်း ကျေးဇူးပါညီမ"။

"တစ်ကယ်တော့ အကို့ကို ပြောပြစရာရှိတယ်။အကိုဘယ်သူ့မှမပြောဘူးလို့ကတိပေးမှပြောပြမယ်"

ဘာကိစ္စမှန်းမသိပေမယ့် စိတ်ထဲကတော့
ထစ်ခနဲဖြစ်သွားပြန်တယ်။ဒီဂျပုနဲ့ပက်သက်ပြီးကတည်းက ကျွန်တော်လည်း ထိန့်ထိန့်လန့်လန့်နဲ့
ကြာလာရင်နှလုံးရောဂါရတော့မယ်။

"ပြောပါ ညီမ "

"သူငယ်ငယ်ကတည်းက crush နေတဲ့
စီနီယာအကိုကြီးတစ်ယောက်ရှိတယ် "

အဲလိုစိတ်ညစ်စရာမှန်းသိရင်
အစကတည်းက မပြောနဲ့လို့
ကြိုပြောပါတယ်။ အခုတော့
စကားပြန်ပြောဖို့ပင်အင်အားမရှိတော့ပါဘူး။

Fall In Love With You ( U+Z )Opowieści tętniące życiem. Odkryj je teraz