Chapter 35

1.3K 127 2
                                    


"စိတ်ညစ်တယ် ငိုမနေနဲ့ ....."

Off ရဲ့ ငြူစူတဲ့ စိတ်ညစ်တယ်ဆိုတဲ့စကားကြောင့်ပါးပြင်ပေါ်ကျလာတဲ့ မျက်ရည်စများကိုလက်ချောင်းနုနုလေးတို့ဖြင့်ဖိကပ်ပြီး ပွတ်သတ်လိုက်သည်။

"ဆင်းတော့....."

"Gun ရုပ်ရှင်မကြည့်ချင်တော့ဘူး
အိမ်ပြန်လိုက်ပို့ပေးပါ..."

Gun ရဲ့တောင်းဆိုမှုအဆုံးမှာတော့Off တစ်ယောက်က " တောက် " တစ်ချက်ခေါက်‌လိုက်ပြီး

"ငါလက်မှတ် booking လုပ်ထားပြီးပြီး
အစကတည်းကမင်းမကြည့်ချင်ဘူးဆိုရင်
မကြည့်ဘူးဆိုတာကိုပြောလေ....
အခုမှ...."

"Gun နေမကောင်းလို့နားချင်နေလို့ပါ"

Off ရဲ့စကားကိုဖြတ်ပြောလိုက်ပြီး
တနေကုန်ရေပန်းအောက်မှာငိုနေခဲ့တဲ့
ကောင်ငယ်လေးသည်
မျက်ရည်တို့က တာရိုးကျိုးသလို
ထိန်းမနိုင်သိမ်းမနိုင်ငိုနေလေတော့သည်။

"တောင်းပန်ပါတယ် Gun နေမကောင်းလို့ပါ"

"မင်းနေမကောင်းဘူးဆိုရင် အစကတည်းကမတွေ့ဘူးပြောလေ အခုမှပြောတော့ ငါ့အလုပ်တွေပျက်ရတယ်"

မျက်မှောင်ကျုံ့ကာ အပြစ်တင်စကားတွေဆိုနေလိုက်တော့ တခုခုဆိုအားငယ်တတ်တဲ့ ကောင်ငယ်လေး
ဆူလိုက်ရင် ငိုတတ်တဲ‌့ကောင်ငယ်‌လေး အရမ်းကြောက်တတ်တဲ့နှလုံးရောဂါသည်ကောင်ငယ်လေးက တုန်လှုပ်နေလေတော့သည်။

"တောင်းပန်ပါတယ်...
Gun Papi ကိုတွေ့ချင်လို့ပါ။
ပါပီ အဆင်မပြေရင်ရပါတယ်
Gun taxi နဲ့ပြန်လိုက်ပါ့မယ်"

စကားပြောရင်း ခါးပတ်ကိုဖြုတ်ကာ
ကားတံခါးကို ဖွင့်လိုက်တော့

"အင်း ပြန်တော့ ငါတို့မတွေ့ဘဲနေကြရအောင်
တစ်လနှစ်လလောက် ငါမင်းမျက်နှာထပ်မမြင်ချင်သေးလို့ မင်းပြန်လိုက်တော့ အခု "

လက်တစ်ဖက်ဖြင့်ကားတံခါးအားဖွင့်ရင်း
Off ကိုနောက်ကျောခိုင်းကာ ကျန်လက်တစ်ဖက်ကဖယ်ဖက်ရင်ဖတ်ကို ဖိလျက်လေး။

အသံမထွက်အောင်တိုးတိုးလေးငိုကာ မျက်ရည်တို့ကဒလဟော ...။

ဆယ်စက္ကန့်လောက်ကြာမှ

Fall In Love With You ( U+Z )Where stories live. Discover now