အကြိမ်ကြိမ်ရင်ခုန်မိသော
Intro😁
အပိုင်း (၁)
" ဝေါ...ဝေါ....ဂျလိန်း....ဂျိန်း.....
ညနေ ၅ နာရီ ခန့်သာ ရှိသေးပေမယ့် အပြင်မှာ တိုက်ခက်နေတဲ့ မိုးသက် လေပြင်းတွေနဲ့ အတူ သည်းထန်စွာ ရွာသွန်းနေသော မိုးရေတွေကြောင့် လိုအပ်တာထက်ပို မဲမှောင်နေခဲ့သည်။ ဘယ်လို အငြိုး နဲ့ ရွာနေလဲ မသိရသော မိုး ရေ တွေက တစ်စ ထက် တစ်စ ပိုမို အားကောင်း လာခဲ့သည်။
"မင်း တစ်ဇွတ်ထိုး မလုပ်လို့ မရဘူးလား....
"တဇွတ်ထိုး လုပ်တယ်....အဟတ်...ဟုတ်တယ်....ကျွန်မ တစ်ဇွတ်ထိုး လုပ်ခဲ့မိလို့ အခုလို အခြေ အနေ ဖြစ်လာခဲ့တာ....ကျွန်မ ပဲ မှားတာ....
"ငါတို့ စကား ကောင်းကောင်း ပြောလို့မရဘူးလား....ဘာလို့အမြဲ ရန်ဖြစ်နေကြရတာလဲ....
"စကား အကောင်းပြောဖို့ အချိန်မရှိဘူးလေ...
ရှင့်မှာ ရှိတဲ့ အချိန်နဲ့ ဒီလိုပြောဖို့ပဲ လုံလောက်တယ်...."ခင်....
"လက်မှတ်ထိုးပေး....
"မဖြစ်နိုင်ဘူး....
"ကျွန်မ ဒီထက် ပိုပြီး သည်းမခံနိုင်တော့ဘူး
....."အဲ့ဒီလို မလုပ်ပါနဲ့.....
"ကျွန်မ လိုချင်တာ သာ ပေးလိုက်ပါ....
ဒီမှာ ကျွန်မ စုဆောင်း ထားသမျှ ငွေ အကုန်ပဲ....ဒါကို ယူပြီး ကွာရှင်း စာချူပ်မှာ လက်မှတ်ထိုးပေး......"မင်း ဘာတွေ ပြောနေတာလဲ ခင်....
ကိုယ်တို့ သွေးအေး သွား မှ စကား ဆက်ပြောကြမယ်.......မိုးသံတွေ ကို အံတုလျှက် နုံချာချာ အိမ်လေး တစ်လုံး ရဲ့ အတွင်းမှာတော့ သောက မျိုးစုံနဲ့ လူ ၂ယောက် ။ ပြီးတော့ ဘီဒို ဘေးကနေ ချောင်းကြည့်ပြီး မျက်ရည်စတွေ ဝဲနေသည့် ၆နှစ်အရွယ် ကလေး တစ်ယောက်။
"လက်မှတ်ထိုးလိုက်.... ကျွန်မ ရှင့်ကို ၇ နှစ် သည်းခံ ပြီး ခဲ့ပြီ.....ကျွန်မ လိုချင်တာ ဒီလို ဘဝ မျိုး မဟုတ်ဘူး....ရှင်နဲ့ ရှေ့မဆက်နိုင်ဘူး....
"ကိုယ်လဲ ကြိုးစားနေတာပဲ လေ....ကိုယ့်ကို အချိန်ပေးပါ...မင်းကို.....
YOU ARE READING
အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)
RomanceUn/Zg အချစ်ဆိုတာ တကယ်ရှိလား မရှိလားတော့ သေချာ မသိဘူး ကဗျာဆရာတွေ စာရေး ဆရာတွေက အချစ်ကို အမျိုးစုံ ဖွဲ့ဆိုကြတယ် ကိုယ့်အတွက် အချစ်ကတော့ ပူလောင်တယ် တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် သူ့ကြောင့် ကိုယ်လဲ ပူလောင် ရတယ်....အဲ့ဒီ ထဲမှာမှ ဗီလိန်တစ်ယောက်ရဲ့ အချစ်ဆ...