အကြိမ်ကြိမ်ရင်ခုန်မိသော

2.4K 65 0
                                    

အကြိမ်ကြိမ်ရင်ခုန်မိသော(my bad girl)

အပိုင်း ၄၀

"အရမ်းချစ်ဖို့ ကောင်းတာပဲ...ပါးလေးတွေ ဖောင်းနေတာပဲ...စကားပြောတက်ပြီလား မမ....

"မေးရင်တော့ ပြောတယ် အရမ်းအေးတယ်....

"အဲ့တာ ကိုကြီးနဲ့ တူတာလေ...မမေး ရင် တစ်ခွန်းမှ မပြောဘူး...

"အဟင်း ဟုတ်မယ်ထင်တာပဲ....

"အရမ်းချစ်ဖို့ကောင်းတာပဲ ပါးကြီးတွေ ကိုက်ဆွဲချင်လိုက်တာ......

"ညနေထိ နေလို့ရလား....လိုက်ကြည့်မလား...

"အိမ်မှာလား..

"မဟုတ်ဘူး...ကလေးထိမ်းကျောင်းကို ပို့ထားတာ...

"ကလေးထိမ်းကျောင်းလား...ဘာလို့ အိမ်မှာ မနေ ခိုင်းတာလဲ...

"အိမ်အကူ တွေနဲ့ မရင်းနှီးစေချင်လို့လေ....သူတို့က အမြဲ အိမ်မှာနေကြမှာ မဟုတ်​တော့ လူပြောင်းတာတို့ ဘာတို့ဆိုရင် ကလေးက သူတို့ကို တွယ်တာသွားရင် ကလေး စိတ်ဒါတ်ရာ မရစေချင်လို့.... အခု ကလေးထိမ်းကျောင်း ကျတော့ သူငယ်ချင်းတွေလဲ ရှိတယ် မြန်မာ စကားလဲ အများပြောတက်လာမယ်လေ....

"မြန်မာလို မပြောတက်ဘူးလား....

"မပြောတက်တာ ထက် နားရည်မဝတာပြောရမလား...မွေးထဲက ဂျပန် လူမျိုးတွေကြားမွေးခဲ့တာဆိုတော့လေ...သူနာပြုကအစ ဒီပြန်မလာခင် ကလေးထိမ်းက အဆုံး ဂျပန်လူမျိုးတွေပဲ ဖြစ်ခဲ့တော့ ဂျပန်စကားကိုပဲ နားရည်ဝနေတာ အရမ်း မသင်ရပဲ တက်သွားတာ...

"ညာဏ်ကတော့ အတော်ကောင်းပုံပဲ...

"ဥာဏ်ကောင်းတယ်...စကား အရမ်း မပြောနိုင်သေးတာလောက်ပဲ....အခု ကလေးထိမ်းကျောင်းက ကျတော့ စာလဲ သူ့အချိန်နဲ့သူ သင်တယ်လေ....အဲ့ဒီတော့ အဆင်ပြေလို့.....
အမလဲ အချိန်မရှိဘူးလေ သင်ပေးဖို့...

"မမ...ကိုကြီးကို ဘာလို့ ပေးမသိတာလဲ.....

"အမ အရင်က သူ့ကို ကလေးရှိတယ် ဆိုပြီး ညာခဲ့ဖူးတယ်....သူ့ဘဝကို ချုပ်ကိုင်ခဲ့ဖူးတယ်....အမ ဒုတိယအကြိမ် ထပ်မလုပ်နိုင်ဘူး ထပ်မလုပ်ချင်တော့ဘူး....သူ့ဘဝ ကို မချုပ်ထားချင်တော့ဘူး... အမ တကယ် ညီမတို့မိသားစုကို မျက်နှာ မပြရဲဘူး...အမ လုပ်ခဲ့တာတွေအတွက်....

အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)Onde histórias criam vida. Descubra agora