အကြိမ်ကြိမ်ရင်ခုန်မိသော

1.6K 63 0
                                    

အကြိမ်ကြိမ်ရင်ခုန်မိသော

အပိုင်း ၁၆

"မဟုတ်ဘူး....မဟုတ်သေးဘူး...

"အန်တီ ဘာဖြစ်ချင်နေ သေးတာလဲ......
အန်တီ နှောက်ယှက် နေတာ အရမ်းများနေပြီ မထင်ဘူး လား....

"လိမ်နေတာ... သမီး လိမ်နေတာ.... မှတ်မိနေတယ် မဟုတ်လား.... မေမေ ကို
အစောကြီး ထဲက မှတ်မိနေပြီးသား မဟုတ်လား......

"လိမ်တယ်....ဘယ်သူကလဲ..Rain ကလား...
သေချာကြည့် Rain မျက်လုံးတွေကို...ထပ်ပြောမယ်...အန်တီကို မသိဘူး...မှတ်လဲ မ မှတ်မိဘူး...မှတ်မိစရာလဲ လိုမယ် မထင်ဘူး...ဘာလို့လဲ ဆိုတော့ Rain တို့ ဘယ်တုန်းက မှ မသိခဲ့လို့.....

"ညာနေတာ....ဒါပေမယ့် မျက်နှာပေါ်မှာ တော့ မပေါ်ဘူး....သရုပ်ဆောင် ကောင်းလွန်းတယ်.....ဘယ်လိုမှ အကဲ ဖျတ်လို့မရဘူး...ဒါပေမယ့် အမှန်တရားကိုတော့ သမီး ပိုသိမှာပါ.... အရင်ထဲက သမီး မေမေ ကို မှတ်မိနေခဲ့တာ မဟုတ် လား........မှတ်မိနေလို့ နွေဦးကို နှောက်ယှက်ချင်တာ....နွေဦး ကို နှောက်
ယှက်နေတာ....

"နွေဦး.....နွေဦး....ဘာလို့ သူမ နာမည် ပါလာရတာလဲ....အာ...သိပြီ လက်စသတ်တော့ အချိန်တွေ အကြာ ကြီး စကားတွေ လှည့် ပတ်ပြောနေတာ အန်တီက နွေဦး လွတ်လိုက်လို့ လာတာကို....နွေဦးနဲ့က မဟုတ်မှ သား အမိတွေလား.....

"မဟုတ်ဘူး...ဒီတိုင်း သမီးကို လာရှာတာ...တွေ့ချင်လို့....လာတုန်းက တော့ အဲ့ ကိစ္စ ကို မပြောတော့ဘူးလို့ပဲ...ဒါပေမယ့် အခုပြောမှ ဖြစ်တော့မယ် ထင်လို့....သမီး အရင်ထဲက မေမေ ကို မှတ်မိလို့ အခုလိုတွေ လုပ်နေတာ မဟုတ်လား......မေမေ ကြောင့် မဟုတ်လား......အဲ့လို
မလုပ်ပါနဲ့ သမီး ရပ်လိုက်ပါတော့ သမီးလုပ်နေတာ ကောင်းတဲ့အလုပ် မဟုတ်ဘူး...လူ ၂ယောက်ကို နာကျင် စေလိမ့်မယ်....နွေဦးက ဆက် ကို သိပ်ချစ်တာ...သူတို့ ၂ယောက် အကြာကြီး တွဲခဲ့ ကြတာ လက်ထပ်ဖို့အထိ ရည်ရွယ်ထားခဲ့ကြတာ......

"အဲ့ဒီတော့ ရော ဘာဖြစ်လဲ...Rain က သူတို့ကို အတင်း ဆွဲခွဲနေမိလို့လား....Rain ဘာမှ မတောင်းဆိုခဲ့ ဖူးဘူး....ရှင်မင်းဆက် ကသာ Rain ကို လက်ထပ်ချင်ခဲ့တာ....အန်တီ လာတွေ့တာ လူမှားနေပြီ....အန်တီ သွားတွေ့သင့်တဲ့ လူက ရှင်မင်းဆက်ပါ...Rain မဟုတ် ဘူး........ခွင့်ပြုပါဦးရှင့်.......အလုပ်လေးတွေ ရှိသေးလို့.......အာ...ပြောဖို့ မေ့တော့မလို့...Rain အဖေ က အခု ချမ်းသာပါတယ်....ဒါပေမယ့် အန်တီယောကျားရဲ့ ပိုင်ဆိုင်မူ နဲ့ယှဥ်ရင် တစ်ဝက်လောက်ပဲရှိမယ် ထင်တယ်....မဟုတ်သေးဘူး ၃ ပုံ ပုံရင်တောင် တစ်ပုံလောက်ပဲ....
အဲ့တာကြောင့် သေချာစဥ်းစားသင့်တယ် ထင်လို့...... Rain အဖေက အန်တီ ထင်သလောက် မချမ်းသာဘူး.....

အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)Tempat cerita menjadi hidup. Temukan sekarang