အကြိမ်ကြိမ်ရင်ခုန်မိသော
အပိုင်း ၂၁
"Rain.....
"Ok.....ဘာလို့ကြောက်ရမှာလဲ....ရှင်နဲ့ လက်ထပ်ထားတာလေ.....အခု ဇစ်ဖြုတ်ခိုင်းတာလောက်ကို ရှက်စရာ လို့ တွေးနေတာလား....
"မင်း နိူင်တယ်....အရူံးပေးတယ်...ဟုတ်ပြီလား....မင်း ဒီ သန့်စင်ခန်း သုံးနိုင်တယ်...ကိုယ် အပြင်က အခြား အခန်းသုံးလိုက်မယ်....
ဆက်က ပြောရင်း အကျီ ချွတ်ပြီး အပြင်ထွက်သွား၏။
Rain ကလဲ အကျီဇစ်ဖြုတ်ရပြီမို့ ဂါဝန်ရှည်ကြီးကို ချွတ်ထုပ်ပစ်လိုက်ပြီး ရေချိုး ကိုယ်လက်သန့်စင်လိုက်သည်။ Rain ပြန်ထွက် လာတော့ ဆက်က အခန်းထဲ ပြန်ရောက်နေပြီ ဖြစ်သည်။"မင်း အထဲမှာ အိပ်နေတာလား...
"မိတ်ကပ်ဖျတ်နေတာလေ...ကြာတာပေါ့
ရှင်တို့လို ခု လုပ်ခုပြီးတယ် ထင်နေလား..."အာ..အဲ့လို....လား...
"ခုတောင် အိုင်းလိုင်နာတွေ နည်းနည်း ကျန်နေသေးတယ်....
Rain က ပြောရင်း အသစ် စက်စက် မှန်တင်ခုံလေးရှေ့ဝင်ထိုင်လိုက်၏။
ဆက်က တကယ်ကို ကောင်းတဲ့လူ တစ်ယောက်ဖြစ်သည်။ ချမ်းသာတာကြောင့်လားတော့ မသိပေမယ့် အိမ်လေးက အခုမှ လူစနေတာဆိုပေမယ့် လိုအပ်တာမရှိသလောက်။ ဒါမှ မဟုတ် အရင်ထဲက ရှိနေပြီးသားတွေလား ဆိုတာတော့ မပြောတက်။
Rain က မှန်ရှေ့ တိုးကပ်ကြည့် လိုက်ပြီး
မျက်လုံး အစပ်က လိုင်နာတွေကို ဖျတ်ထုပ်နေ၏။"ဟေး...ရ ရဲ့လား.... ဖျတ်ပေးရမလား...
"ရတယ်...Rain က ပုံမှန်အားဖြင့် အိုင်းလိုင်နာ သိပ်မသုံးဘူး.. သုံးလဲ ပါးပါးလေးပဲ...အခုက ကော့ဆေးတွေရော လိုင်နာတွေ ပါဆိုတော့ မျက်လုံး ပါစပ်သွားတာ....
Rain က ရှင်း ပြရင်း ဆက်ကို လှည့်ကြည့်ပြီး....
"ရှင် ဘာလို့ ဒီမှာရှိနေတာလဲ...
"မင်းပြေတာ ကိုယ်က ဘယ်သွားရမှာလဲ...
"အဲ့တာက.....ရှင့်အိမ်မှာ အခြား အခန်း တွေရှိသေးတယ် မဟုတ်လား တစ်ခန်းထဲရှိတာလို့တော့ မပြောနဲ့နော်...ဒီလောက် အိမ်အကြီးကြီးကို....
VOCÊ ESTÁ LENDO
အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)
RomanceUn/Zg အချစ်ဆိုတာ တကယ်ရှိလား မရှိလားတော့ သေချာ မသိဘူး ကဗျာဆရာတွေ စာရေး ဆရာတွေက အချစ်ကို အမျိုးစုံ ဖွဲ့ဆိုကြတယ် ကိုယ့်အတွက် အချစ်ကတော့ ပူလောင်တယ် တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် သူ့ကြောင့် ကိုယ်လဲ ပူလောင် ရတယ်....အဲ့ဒီ ထဲမှာမှ ဗီလိန်တစ်ယောက်ရဲ့ အချစ်ဆ...