အကြိမ်ကြိမ်ရင်ခုန်မိသော

1.9K 74 0
                                    

အကြိမ်ကြိမ်ရင်ခုန်မိသော

အပိုင်း ၇

လူစုံ တက်စုံ ပါလား လို့ စိတ်ထဲက တွေးရင်း
ငါတော့ လမ်းမှာ တင် လုပ်ကြံခံရလောက်လားဟုပင် တွေးမိသွားသည်။

"မိသားစုလိုက်ကြီး လိုက်လာပြီး ငါ့ကို လက်စဖျောက်ဖို့တော့ မဟုတ်လောက်ဘူး မို့လား..... တရုပ်ပြည်မှာသာ သတ်ပစ်ခဲ့ရင် ဘယ်သူ မှ သိမှာ မဟုတ်ဘူးလေ....မဖြစ်သေးဘူး... ငါ သေ လို့မရ သေးဘူးလေ....
အခု ထိ ချစ်သူ တောင် မရှိသေးဘူး...
လက်ထပ်ဖို့လဲ မလုပ်ရသေးဘူး...
လက်ထပ်တဲ့ ဂါဝန် လှလှတွေ လဲ မဝတ်ကြည့်ရသေးဘူး.....ကောင်လေး တစ်ယောက်စီက အရမ်းချစ်ပြီး ဂရုစိုက်မူတွေလဲ မရသေးဘူး...ပြီးတော့ လက်ထပ်ခွင့် တောင်းတာရောပဲ....အောင်မလေး.... အခု သာ သေ သွားရင်တော့လား.......သူ့ပုံစံက အေးတိ အေးစက်နဲ့.......ရက်စက်တဲ့ ပုံပဲ....ငါ သူ့ကို ရန်စထားတာ... ဒီလို အခွင့်အရေး ကို သူ အလွတ်ပေးမှာ မဟုတ်ဘူး...ငါ ဘာလုပ်သင့်လဲ အကြံထုပ်စမ်း....... ......

"မမ စားပါဦး....

"အောင်မလေး.......

အတွေးလွန်နေတုန်း အသားကို လာထိပြီး အနီးကပ် စကားသံကြောင်​့
Rain လန့်ပြီး ထအော်လိုက်မိသည်။
Rain ထအော် လိုက်တော့ တစ်ယောက် ကျော်မှာ ထိုင်နေသည့် ရှင်မင်းဆက်ပါ မျက်လုံးပြူးသွားပြီး Rain ကို ခေါင်းငဲ့ ကြည့်လာ၏။

"အငယ်မ.....ငြိမ်ငြိမ်နေလို့ ပြောနေတယ်လေ...သွား မနှောက်ယှက်နဲ့....

မင်းမင်း က လက်ထဲက မုန့်ထုပ်လေး ကို Rain ဘက် ထိုးပေးရင်း သူ အမှား လုပ်မိလိုက်တာလား ဆိုသည့် ပုံစံလေးဖြင့် ကြောင်ငေး ကြည့်နေ၏။
Rain လဲ နောက်မှ အား နာသွားပြီး...

"အာ....ကျေးဇူးနော် ညီမလေး....
အမ အတွေး လွန်နေလို့ သတိမထားမိလိုက်ဘူး.....ညီမပဲ စားပါ အမ မစားတော့ဘူး.....

Rain စကားပြောရင်း ယခုမှ မျက်လုံး က ရှင်မင်းဆက် လက်က လက်ပတ်နာရီဆီ ရောက်သွား၏။ အတွေးထဲမှ....

"ငါ ပြောတဲ့ နာရီ သူ တစ်ကယ် ဝယ်လာတာပဲ.....အဲ့လို လုပ်စမ်းပါ လိမာတယ် ကောင်လေး....ဘိုးတော် မျက်လုံးပဲ သုံးမနေ နဲ့ အမြင်လေး နည်းနည်း ချဲ့.......

အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)Donde viven las historias. Descúbrelo ahora