အကြိမ်ကြိမ် ရင်ခုန်မိသော

1.6K 82 3
                                    

အကြိမ်ကြိမ်ရင်ခုန်မိသော(my bad girl)

အပိုင်း ၂၀

"လာ...ထ...နာသွားလား.....

ဆက်က Rain ကို ဆွဲမ ထူလိုက်ရင်း ခပ်တိုးတိုး မေး၏။

"ခြေထောက် နာသွားတယ်....

Rain က အမူအရာ ပိုစွာဖြင့် မျက်နှာလေး ရူံမဲ့ ပြီး ပြောလိုက်၏။

"မဟုတ်ဘူးနော် ဆက်.....နွေ ပြောနေတာ ရှင် ကြားလား....သူကို ဘာမှ မလုပ်ခဲ့ဘူး...သူ့ပါသူ လဲသွားတာ...ဟန်ဆောင်နေတာ ကို ရှင် ယုံတာလား....သူမ တမင် လုပ်နေတာ...

"မမ နွေဦး ကို အပစ် မပြောပါဘူး...
Rain ဘက်က လွန်နေတာပဲလေ...မမ အခုလောက်လေး တွန်းလိုက်တာ လုပ်သင့်ပါတယ်......

"နင်.....

နွေဦး က ပြောနေပေမယ့် ဆက် အတွေး ထဲမှာတော့ နွေဦးက လမ်းခွဲရလို့ မကျေနပ်တာကို Rain အပေါ်ပုံချတာ ဟု ထင်နေတာဖြစ်သည်။

ဆက်က Rain ကို ခါးမှ ဆွဲ မ ယူလိုက်ပြီး နီးစပ်ရာ ခုံမှာ ချလိုက်သည်။ နောက် Rain ရှေ့မှာ ဒူးထောက် ထိုင်ချလိုက်ပြီး ဂါဝန်ရှည်ကြီးကို မ တင်လျှက် ခြေထောက်ကို လှည့်ပတ်ကြည့်နေ၏။

"ခြေထောက် အဆစ်တော့ မလည်သွားပါဘူး
လဲကျလို့နာသွားတာနေမယ်...မင်း လမ်းလျောက်နိုင်ဦးမယ် ထင်လား....

"စမ်းလျောက်ကြည့်မယ်လေ....

"ဒါဆို ခဏနေဦး....မင်း...လာဦး...

ဆက်က သူ့အိမ်က မလုပ်သမား ကောင်မလေး ကို လက်ယက်လှမ်းခေါ်လိုက်၏။

"ဟုတ်ကဲ့ အကိုလေး ဘာခိုင်းစရာ ရှိလို့ပါလဲ....

"Rain အတွက် ဖိနပ်အပါး သွားယူလာခဲ့...

"ဘယ်လို အပါးမျိုးလဲ အကိုလေး.....

"ခြေထောက် သက်သက်သာသာ ဖြစ်စေတဲ့ ဘာမဆို ယူလာခဲ့.....

"ဟုတ်ကဲ့ အကိုလေး ခဏစောင့်ပါ....

ဆက် ရဲ့ မိခင်က Rain ရဲ့ မဂ်လာ ပွဲ အတွက် ဆိုပြီး Rain ရဲ့ ဖိနပ် ဆိုဒ် နဲ့ ပုံစံမျိုးစုံ မှာယူ ထားပေးတါဖြစ်သည်။ ခဏကြာတော့ ရူးဖိနပ် အပါးလေးကို အလုပ်သမား ကောင်မလေးက ယူလာပေး၏။ ဆက်က Rain စီးထားသည့် ကြိုးသိုင်း ဒေါက်မြင့် ဖိနပ်ကို ချွတ် ပြီး ရူးဖိနပ်အပါးလေးနဲ့ လဲပေးဖို့ပြင်၏။

အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)Onde histórias criam vida. Descubra agora