အကြိမ်ကြိမ်ရင်ခုန်မိသော

1.5K 63 0
                                    

အကြိမ်ကြိမ်ရင်ခုန်မိသော(my bad girl)

အပိုင်း ၂၅

"ဘယ်သူက ကိုယ့်ကို ပစ်ထား ချင်တာလဲ...ဒါက အပြစ်ပေးတါ....မင်း ငြင်းလို့မရဘူး....

"ဟင့်အင်း ဖယ်ပေး....တစ်ယောက်ယောက်ဝင်လာလိမ့်မယ်....

"မင်း ငြင်းလို့မရဘူးလို့ပြောပြီးသားလေ...

ဆက်က ခဏသာ စကားပြောပြီး ရုန်းနေတာကို အတင်း ချူပ်လျက် အနမ်းရိုင်းတွေ Rain ရဲ့ မျက်နှာ အနှံ ဖြန့်ကျဲ နေ၏။

"ချလွင် ချလွင်......

"မမရေ...ပြန်ရောက်ပြီဆို...မမရေ........အားးးးးးး......ထမင်းစားခန်းကြီး ထဲ
မှာဘာတွေ လုပ်နေကြတာလဲ မကြည့်ရဲဘူး.....

"ဖယ်ပေး......

မင်းမင်းက အိမ်သော့လေး တချွင်ချွင် လွဲ လျှက် ဝင်လာပြီး မှ Rain နဲ့ ဆက် နမ်းနေတာ မြင်ပြီး လက်ကို မျက်နှာမှာ ကာပြီး ထအော်တော့၏။ Rain ကလဲ ဆက်ကို အဝေးရောက်အောင် တွန်း လိုက်ပြီး စားပွဲ ပေါ်က ပြန် လျော ဆင်းလိုက်တော့ သည်။ မင်းမင်း က လက်ချောင်းလေးတွေ ချဲ ပြီး ပြန်ချောင်း ကြည့် ပြီး လူချင်း ခွာသွားတာတွေ့ မှ မျက်နှာရှေ့ ကာထားသည့် လက်ကို ဖယ်လိုက်တော့၏။
ဆက်က မင်းမင်း ကို အလိုမကျ သလိုကြည့်တော့ မင်းမင်း က....

"ကိုကြီး က ဘာကြည့်တာလဲ...တံခါး မှ  ပိတ်မထား တာ ...သမီးက ဝင်လာတာပေါ့.....
အခုမှ အိမ်ပြန်ရောက်တဲ့ လူကို ဘာတွေ လုပ်နေတာလဲ....

Rain က ရှက်လို့ ဖြူဝင်းနေတဲ့ မျက်နှာလေးမှာ နီဆွေးလျှက်....

"ပါးစပ်ပိတ်ထား...ထွက်သွား....

"မသွားပါဘူး....မမ ဆီလာတာ...
မမက ကိုကြီး တစ်ယောက် ထဲ ပိုင်တာ မဟုတ်ဘူး...သမီးလဲ ပိုင်တယ်.......

"Rain ပြန်လာတာ ဘယ်လိုလုပ်သိသွားရပြန်တာလဲ....

"မေမေ ပြောတာလေ...ခုလေးတင် ဝင်သွားတာဆိုလို့ လိုက်ဝင်လာတာ....ဘယ်သူက သိမှာလဲ လို့ ခရီး ရောက်မစိုက်ကြီး အခုလို....

"ပါးစပ်ပိတ်ထား...

"ဟွန့်..... ကိုကြီး ကို မခေါ်ဘူး....မမ ကို လာခေါ်တာ....မမရေ....မေမေ က ထမင်း စားရအောင်တဲ့ ထမင်း မစားရသေး ဘူး မဟုတ်လား.........အပြင်စာတွေ မှာစားမှာဆိုးလို့တဲ့.....

အကြိမ်ကြိမ် ရင်ခုန်မိသော(my Bad Girl)Tempat cerita menjadi hidup. Temukan sekarang